Trending Now

ချီဖွေ-ဖီမော်သွားလမ်း ပျက်စီးမှု တင်ဒါရ ကုမ္ပဏီများအနေဖြင့် ပြန်လည်ပြုပြင်ပေးရန် ကားဆရာများလိုလား

Spread the love

ချီဖွေ-ဖီမော်သွားလမ်း ပျက်စီးမှု တင်ဒါရ ကုမ္ပဏီများအနေဖြင့် ပြန်လည်ပြုပြင်ပေးရန် ကားဆရာများလိုလား

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာ ၂

ကချင်ပြည်နယ် ၊ ချီဖွေခရိုင်နှင့်ဖီမော် ဆက်သွယ်ထားသော်လမ်းပိုင်းပြီးခဲ့သည့်ဇွန်လအတွင်း မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ပြုပြင်ခြင်းမရှိသည့်အတွက် လမ်းပိုင်းအား တာဝန်ယူထားသည့် ကုမ္ပဏီများ အနေဖြင့် ပြန်လည်ပြုပြင်ပေးရန် မြစ်ကြီးနား-ဖီမော် ပြေးဆွဲနေသည့် ကားဆရာများက လိုလားနေကြသည်။

မြစ်ကြီးနားမှ ဖီဖော်သို့ ပြေးဆွဲနေသည့် ခရီး သည် ပို့ဆောင်ရေးအပိုင်းတွင် ပြန်လည်ပြုပြင်ခြင်းမရှိသည့်အတွက် အချိန်ကြန့်ကြာခြင်းအပြင် အချို့နေရာများတွင် ချောက်ကမ်းပါး ပြိုကျထားသည့်အခြေအနေများကြောင့် ခရီးသည်များ အသက်အန္တရာယ် ရှိနေသည့်အတွက် တင်ဒါရကုမ္ပဏီများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်လုပ်ဆောင်သင့်ကြောင်း အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ ဖီမော်ကို တတ်မယ်ဆိုရင် အခုချိန်ထိကို ကားသေးပဲရသေးတယ် ကားကြီးမရသေးဘူး ကားသေးတောင် ဝိတ်ပါရင် မလွယ်ဘူး နတလရေကန် နားရယ် စုစည်း အထပ်ဘက်တွေမှာ လမ်းတွေပျက်စီးနေတယ် တင်ဒါရကုမ္ပဏီတွေလည်း လာရောက်ပြုပြင်ပေးသင့်နေတဲ့အခြေအနေဖြစ်နေပြီး လမ်းကကျဉ်းတယ် ချောက်ကမ်းပါးတွေနဲ့ အန္တရာယ်များတယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ လမ်းပိုင်းသည် တစ်ဘက်တွင် မြင့် ပြီး မတ်စောက်ကာ တစ်ဘက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါး ကြား ရှိသည့် လမ်းဖြစ်၍ ဒေသခံများ အနေဖြင့် နှစ်စဉ် မိုး ရာသီ ရောက်တိုင်း မကြာခဏ တောင်ပြိုမှု နှင့် မြေသားလမ်းပိုင်း ပျက်စီးမှုများကြောင့် အသွားအလာ ခက်ခဲရုံသာမက အသက် အန္တရာယ်ပင် စိုးရိမ်နေရသည့် လမ်းပိုင်း ဖြစ်သည်။

အလားတူ ချီဖွေခရိုင် ချီဖွေမြို့ အတွင်းရှိ ချီ ဖွေ ပန်ဝါ လမ်းပိုင်း၊ ချီဖွေ ဆော့လော် စ သည့် လမ်းပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက လမ်းပိုင်းပျက်စီးခြင်း၊ တောင် များပြို၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိ ကာ ဖြတ်သန်းသွားလာသူများ မကြာခဏ အခက်အခဲ ကြုံတွေ့ ရလေ့ရှိပြီး ကုမ္ပဏီအနေဖြင့် လက်လှမ်းမီသည့်နေရာအချို့တွင်သာ လာရောက်ပြုပြင်မှုရှိကြောင်း အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။