Trending Now

ပန်းတနော်မြို့နယ်တွင် ၉ တန်းကျောင်းသူတစ်ဦးသား မယားအဖြစ် ပြုကျင့်ခံရပြီး ပြုကျင့်သူ အမျိုးသားထွက်ပြေးနေမှုဖြစ်ပွား

Spread the love

ပန်းတနော်မြို့နယ်တွင် ၉ တန်းကျောင်းသူတစ်ဦးသား မယားအဖြစ် ပြုကျင့်ခံရပြီး ပြုကျင့်သူ အမျိုးသားထွက်ပြေးနေမှုဖြစ်ပွား

EPN
ပန်းတနော်၊ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၊ ဇရပ်လှကြီးအုပ်စု ၊ပိန်းချောင်းကျေးရွာတွင် ၉ တန်းကျောင်းသူ တစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရသည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပြီး သားမယားအဖြစ် ပြုကျင့်သူ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

သားမယားအဖြစ် ပြုကျင့်ခံရသည့်သူ ၉ တန်းကျောင်းသူသည် ဇရပ်လှကြီးကျေးရွာအုပ်စု၊ ပိန်းချောင်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသူဖြစ်ပြီး သားမယားအဖြစ် ပြုကျင့်သူမှာ မရမ်းအုပ်စု သရက်ငူကျေးရွာမှ ကိုကိုလွင် (ခ) အာမင် ဆိုဖြစ်ပြီး အောက်တိုဘာ ၉ ရက်က ကိုးတန်းကျောင်သူသည် စာသင်ကျောင်းမှ နေအိမ်သို့ ပြန်လာသည့် အချိန်တွင် သားမယားအဖြစ် ပြုကျင့်ခံရခြင်း ဖြစ်သည်ဟု ၉ တန်းကျောင်းသူမှ မိခင်ကို ပြောပြခြင်း ဖြစ်ကြောင်း သိရသည်။

၉ တန်းကျောင်းသူ မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သူကို မိသားစုမှ ပန်းတနော်မြို့နယ်၊ ဇရက်လှကြီး နယ်မြေရဲစခန်းသို့ ယမန့်နေ့က သွားရောက် အမှုဖွင့် တိုင်ကြားချိန် ရဲစခန်းသို့သွားတိုင်ကြားကြောင်းကို ကျူးလွန်သူ ကိုကိုလွင် (ခ) အာမင်ဆိုသူမှ သိရှိပြီး ရွာမှ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

”မနေ့ကမှ ကောင်းမလေးက ပြောပြလို့ သိရတာတဲ့ မနေ့က လာတိုင်တာ၊ ကျူးလွန်သူဆိုသူ အမျိုးသားကို အမှုဖွင့်ထားတယ်၊ ကျူးလွန်သူဆိုသူ အမျိုးသားက လက်ရှိ ထွက်ပြေး တိမ်းရှောင်နေတယ်၊ ကောင်မလေးက ၉ တန်း ကျောင်းသူ အသက် ၁၄ နှစ်ပဲ ရှိသေးတယ်၊ ကျူးလွန်သူကို ဖမ်းမိရေး ဆောင်ရွက်နေတယ်။” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအရာရှိတစ်ဦး က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သားမယားအဖြစ် ပြုကျင့်ခံရသည့် ကျောင်းသူမိသားစု၏ တိုင်ကြားချက်အရ
ကိုကိုလွင် (ခ) အာမင်ဆိုသူကို ပန်းတနော်မြို့နယ်ဇရပ်လှကြီးနယ်မြေ ရဲစခန်းမှ (ပ) ၂၂/၂၀၂၂ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ ၊ ၃၆၃ ၊ ၅၁၁- ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။