Trending Now

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာကို စင်ကာပူနိုင်ငံမှာ ဖမ်းဆီးဖို့ ကြိုးပမ်းနေ

Spread the love

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာကို စင်ကာပူနိုင်ငံမှာ ဖမ်းဆီးဖို့ ကြိုးပမ်းနေ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၅

သီရိလင်္ကာပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာကို ဖမ်းဆီးပေးဖို့ စင်ကာပူရှေ့နေချုပ်ထံ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ကတင် သွင်းခဲ့တယ်လို့ ယမန်နေ့က ပြောကြားခဲ့ပါတယ်။

ရာဂျာပက်ဆာဟာ နိုင်ငံရဲ့ စီးပွားရေးပြိုလဲမှုကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ယခုအစောပိုင်းမှာ စင်ကာပူနိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ပြည်တွင်းစစ်ပွဲတစ်လျောက်လုံး ရာဂျာပက်ဆာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တောင်အာဖရိက အခြေစိုက် ဖောင်ဒေးရှင်းတစ်ခုရဲ့ ကျောထောက်နောက်ခံပြု လူအခွင့်အရေးအဖွဲ့ နိုင်ငံတကာ အမှန်တရားနဲ့ တရားမျှတမှု ပရောဂျက် (ITJP) က ရာဂျာပက်ဆာကို ဖမ်းဆီးပေးဖို့ တောင်းဆိုတဲ့ တိုင်ကြားချက်တစ်စောင်ကို စင်ကာပူနိုင်ငံရှေ့နေချုပ်ထံသို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲအတွင်း ရာဂျာပက်ဆာဟာ ဂျီနီဗာကွန်းဗင်းရှင်းတွေကို ပြင်းပြင်းထန်တန် ချိုးဖောက်မှုကြူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ (ITJP) ရဲ့ တိုင်ကြားချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီတိုင်ကြားချက်က ရာဂျာပက်ဆာရဲ့ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားမှုတွေအတွက်သာမက အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် လည်းပါဝင်တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံတွင်းရှိ လူပေါင်း ၂၂ သန်းဟာ ဆေးဝါး၊ လောင်စာဆီနဲ့ စားနပ်ရိက္ခာ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရလို့ ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံကို အုပ်စိုးခဲ့တဲ့ ရာဂျာပက်ဆာ နိုင်ငံရေးမင်းဆက်ကို ဖြုတ်ချဖို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

သီရိလင်္ကာပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ခန့်မှန်းချက်တွေကဆိုပေမယ့် အမှန်တကယ် အရေအတွက် ဟာ ပိုမိုးများပြားမယ်လို့ ယူဆရပါတယ်။ တိုက်ပွဲတွေရဲ့ နောက်ဆုံးကလအတွင်း တမီလ်လူမျိုး အနည်းဆုံး ၄၀,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရာဂျာပက်ဆာ ခေါင်းဆောင်မှုအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လူအခွင့်အရေးအဖွဲ့တွေက ကြိုးပမ်းခဲ့ကြပေမယ့် အကြီးအကျယ် နှိမ်နင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရာဂျာပက်ဆာဟာ ယခုလအစောပိုင်းမှာ နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်ကြီးချုပ် ဝက်ခရီမက်ဆင် ကို ကျန်ရှိနေတဲ့ သမ္မတသက်တမ်းကို တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ဝက်ခရီမက်ဆင် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့မှာပဲ ရာနဲ့ချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေက သမ္မတရုံးအပြင်ဘက်က သပိတ်စခန်းတွေကို ဝင်ရောက်စီးနင်းပြီး ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သီရီလင်္ကာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက နိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာမယ့် အလားအလာကို ခြိမ်းခြောက်နေပေမယ့် ဝက်ခရီမက်ဆင်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ ဆွေးနွေးပွဲတွေ နိဂုံးချုပ်ခါနီးပြီးလို့ မကြာသေးမီက ပြောဆိုခဲ့ပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။