Trending Now

ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းသက်သာစေရန် အမေရိကန်ဒေါ်လာသန်း(၂၀၀) ကျော် ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ခဲ့

Spread the love

ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းသက်သာစေရန် အမေရိကန်ဒေါ်လာသန်း(၂၀၀) ကျော် ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ခဲ့

EPN
မြစ်ကြီးနား၊ စက်တင်ဘာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းသက်သာစေရန်အတွက် အမေရိကန်ဒေါ်လာသန်း(၂၀၀) ကျော် ထောက်ပံ့ပေးမည်ဟု သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်က အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် အဆမတန်မြင့်တက်နေသည့် စက်သုံးဆီရည်ညွန်းဈေးနှုန်းများ ငွေကျပ် ၂၀၀ ဝန်ကျင်ခန့်ပြန်လည်ကျဆင်းသွားခဲ့သော်လည်း အချို့ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်နေမှုကြောင့် ဆိုင်ပိတ်ထားရဆဲဖြစ်သလို ပြည်သူအများစုသည် လမ်းဘေးဆီဆိုင်များတွင် မတန်တဆဈေးနှုန်းများဖြင့် ဝယ်ယူနေရဆဲဖြစ်ကြာင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။