Trending Now

သြစတြေးလျမှာ ရဟတ်ယာဉ် ၂ စင်းတိုက်မိလို့ လူ ၄ ဦးသေဆုံး

Spread the love

သြစတြေးလျမှာ ရဟတ်ယာဉ် ၂ စင်းတိုက်မိလို့ လူ ၄ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃

သြစတြေးလျနိုင်ငံ ကမ္ဘာ့လည့် ခရီးသွားတွေ ထူထပ်တဲ့ Gold Coast ဒေသမှာ ဇန်နဝါရီ ၂ ရက်နေ့က ရဟတ်ယာဉ် နှစ်စီး တိုက်မိလို့ လူ ၄ ဦးသေဆုံးခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

မတော်တဆမှုအတွင်း ရဟတ်ယာဉ်မှု ၁ ဦး၊ ဗြိတိန်ခရီးသည်း ၂ ဦးနဲ့ ဆစ်ဒနီမြို့က အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ပြီး အခြားလူ ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Sea World အပန်းဖြေကမ်းခြေအလွန် မှာ ရဟတ်ယာဉ်တစ်စင်း ဆင်းသက်နေချိန်မှာ အခြားတစ်စင်းက လေထဲသို့ ပျံတက်ခဲ့ရာမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ကွင်းစလန်ရဲတပ်ဖွဲ့က ရဲအရာရှိ ဂယ်ရီဝါရဲလ်ကပြောပါတယ်။

“မတော်တဆမှုအတွင်းမှာ ရဟတ်ယာဉ်တစ်စင်းက ပျက်ကျခဲ့ပေမယ့် ရဟတ်ယာဉ် တစ်စင်းကအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ် လေယာဉ်မှူးထိုင်နေတဲ့ ရဟတ်ယာဉ်ရဲ့ ရှေ့ဘယ်ဘက်ခြမ်းမှာ ပျက်စီးသွားတဲ့ အပိုင်းကို ကြည့်ပြီး ဒါဟာ ထူးထူးခြားခြား အောင်မြင်မှုတစ်ခုပါပဲ” လို့ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဗျူရို ကော်မရှင်နာ ရုံးက မစ္စတာမစ်ချယ်က ပြောပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ အတိအကျ မပြောနိုင်သေးကြောင်း သြစတြေးလျ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဗျူရို ကော်မရှင်နာ ရုံးက ပြောပါတယ်။

မတော်တဆမှုအတွင်း ဒဏ်ရာပြင်းထန်စွာ ရရရှိခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး၊ သူမရဲ့ ၉ နှစ်အရွယ် သားဖြစ်သူနဲ့ အခြား ၁၀ နှစ်အရွယ် ကလေးတစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

— ကိုးကား —
AP
ref; Pilot, 2 British visitors among 4 killed in Australia crash

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။