Trending Now

ပုသိမ်မြို့ ဆိုင်ခြံကျေးရွာမှာ မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၇ လုံးမီးလောင်ဆုံးရှူံး

Spread the love

ပုသိမ်မြို့ ဆိုင်ခြံကျေးရွာမှာ မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၇ လုံးမီးလောင်ဆုံးရှူံး

EPN
ပုသိမ်၊ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ၊ဆိုင်ခြံကျေးရွာတွင် ယမန့်နေ့ ညပိုင်းကမီးလောင်မှုဖြစ်ပွား၍ နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ရကြောင်းသိရသည်။

ဆိုင်ခြံကျေးရွာနေ ဦးဇေယျာအောင်၏ နေအိမ်မီးကြွင်းမီး ကျန်မှတစ်ဆင့် နေအိမ်ထာရံအကာမှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းသောနေအိမ်အပါ အဝင်ဘေးချင်းကပ်အိမ်များမီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာကိုပုသိမ်မြို့နယ်မီး သတ်တပ်ဖွဲ့များ၊ပုသိမ်အခြေပြု လူမူကူညီရေးအဖွဲ့များ၊ဒေသခံများကပူးပေါင်းဝိုင်းငြှိမ်းသတ်ခဲ့ပြီးတစ်နာရီအတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

“တစ်နာရီအတွင်းမီးထိန်းနိုင်ခဲ့တယ်။အခြားအိမ်များဆက်လက်လောင်ကျွမ်းခံရတာမရှိပါဘူး။ ဦးဇေယျာအောင်၏ နေအိမ်ကဟင်းချက်ရင်း မီးအကြွင်းအကျန်ကနေစတင်ပြီးလောင်ကျွမ်းခဲ့တာပါ။ နေအိမ် ခုနှစ်လုံးမီးလောင်ကျွမ်းခဲ့ရတယ်။”ဟု ပုသိမ်မြို့နယ် မီးသတ်ဦးစီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ထာရံကာ၊ပျဉ်ခင်းနေအိမ်များနှင့် ဓနိမိုး၊ထာရံကာနေအိမ်များမီးလောင်ကျွမ်းခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးဇေယျာ အောင်ကို ဥပဒေနဲ့အညီအရေးယူထားကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်နှစ်လအတွင်း(၄)ကြိမ်မြောက်ဖြစ်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကမီးလောင်မှု ၃ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်းသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။