Trending Now

ပြည်ခိုင်ဖြိုးပါတီမှ နန်းမားဒေသရှိ ပါတီဝင်များသို့ အခြေခံစားသောက်ကုန်များထောက်ပံ့

Spread the love

ပြည်ခိုင်ဖြိုးပါတီမှ နန်းမားဒေသရှိ ပါတီဝင်များသို့ အခြေခံစားသောက်ကုန်များထောက်ပံ့

EPN
မိုးညှင်း မေ ၂၄

ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် နန်းမားဒေသရှိ ပြည်ခိုင်ဖြိုးပါတီဝင်များအား မေလ (၂၃)ရက်နေ့၊ နံနက်(၇)နာရီအချိန်က အခြေခံစားသောက်ကုန်များအား အိမ်တိုင် ယာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ရာတွင် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ကုလားပဲ၊ ကြက်သွန်နီ စသည့် အခြေခံ စားသောက်များကို နန်းမားဒေသအတွင်းရှိ ပါတီဝင် မိသားစု (၆၀) စုအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့မှုကို ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးစိုးဝင်း၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း၊ မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မိုး၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးဌေးဝင်း၊ နန်းမားဒေသတာဝန်ခံ ဦးခိုင်ဇော်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီ လူငယ်များပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။