Trending Now

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က သီရိလင်္ကာကို ဒေါ်လာ ၂.၉ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ်

Spread the love

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က သီရိလင်္ကာကို ဒေါ်လာ ၂.၉ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund က သီရိလင်္ကာကို အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် လေးနှစ်အတွင်း ဒေါ်လာ ၂.၉ ဘီလီယံ ထောက်ပံ့ဖို့ ပဏာမ သဘောတူညီချက်တစ်ရပ်ကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါအစီအစဉ်ဟာ သိရိလင်္ကာရဲ့ ဘဏ္ဍာရေး နဲ့ စီးပွားရေးတည်ငြိမ်မှုကို ပြန်လည်ထူထောင်နိုင်တဲ့အပြင် နိုင်ငံရဲ့ တိုးတက်မှုအလားအလာကို အထောက်အကူပြုမှာဖြစ်တယ်လို့ သီရိလင်္ကာနိုင်ငံမှာ ရောက်ရှိနေတဲ့ IMF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုထောက်ပံပေးမယ့် အစီအစဉ်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ရဲ့ ခွင့်ပြုချက်အပြင် တရုတ်၊ အိန္ဒိယ နဲ့ ဂျပန်တို့အပါအဝင် သီရိလင်္ကာရဲ့ ကြွေးမြီးရှင်တွေထံက အာမခံချက်ရယူရေးတို့ ပါဝင်ပါတယ်။

ကိုလံဘိုမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ IMF အရာရှိ ပီတာဘရူးယာ ကသီရိလင်္ကာရဲ့ ကြွေးမြီးဟာ ရေရှည်မတည်တံ့နိုင်တော့တဲ့အတွက် နိုင်ငံနဲ့ ကြွေးမြီရှင်တွေကြာ ကတိကဝတ်တွေ ချိုးဖောက်တာ တွေမဖြစ်ပေါ်မီ ထိတွေ့ဆက်ဆံမှုကို မြင်တွေ့ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကြွေးမြီရှင်တွေက ဒီအာမခံချက်ကို မပေးချင်ဘူးဆိုရင် အဲဒါက သီရိလင်္ကာ အကျပ်အတည်းကို ပိုဆိုးစေမှာဖြစ်သလို အကြွေး ပြန်ဆပ်နိုင်စွမ်းကိုလည်း ထိခိုက်စေလိမ့်မယ်” လို့ ပီတာက ပြောပါတယ်။

ကြွေးမြီရှင်တွေနဲ့ သီရိလင်္ကာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းကသာ အကျပ်အတည်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ အထောက်အကူ ပြုမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ ဖိုရမ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ နှစ်ဘက်စလုံးကို အကြံပြုထားတယ်လို့ ပီတာက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားငွေကြေး အဆိုးရွားဆုံးပြတ်လပ်သွားခဲ့တဲ့အတွက် လောင်စာဆီ၊ ဆေးဝါး နဲ့ မီးဖိုချောင်သုံး ဓာတ်ငွေ့ကဲ့သို့ မရှိမဖြစ် နေ့စဉ်သုံးပစ္စည်းတွေကို ပြည်ပက မဝယ်ယူနိုင်တော့ဘဲ တိုင်းပြည်ဟာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ကျရောက်ခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်းမှာ ပြန်ဆပ်ရမယ့် နိုင်ငံခြားကြွေးမြီး ဒေါ်လာ ၇ ဘီလီယံနီးပါကို ပြန်ဆပ်ဖို့ ဆိုင်းငံထားရပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စုစုပေါင်ပြည်ပကြွေးမြီ ပမာဏ ဒေါ်လာ ၅၁ ဘီလီယံကျော်ရှိတဲ့အနက် ၂၈ ဘီလီယံဟာ ၂၀၂၈ ခုနှစ်မှာ ပြန်ဆပ်ရမှာဖြစ်ပါတယ်။

လက်ရှိ သီရိလင်္ကာဟာ ကမ္ဘာ့ဘဏ်ရဲ့ ပံ့ပိုးမှုကြောင့် မီးဖိုချောင်သုံးဓာတ်ငွေ ပြန်လည်ရရှိခဲ့ပေမယ့် လောင်စာဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေကတော့ ပြတ်လပ်နေဆဲဖြစ်ပါတယ်။

— ကိုးကား —
အေပီ
ref; IMF set to provide $2.9 billion to help crisis-hit Sri Lanka

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။