Trending Now

ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်သမားတွေက အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ ပြည်သူ နှစ်ဦးကို ခေါင်းဖြတ်သတ်ပြ

Spread the love

ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်သမားတွေက အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ ပြည်သူ နှစ်ဦးကို ခေါင်းဖြတ်သတ်ပြ

EPN
ရွှေဘို၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းကသာကျေးရွာအနီးက အများပြည်သူ သွားလာအသုံးပြုနေတဲ့ မူးဘောင်လမ်းပေါ်မှာ ဖေဖော်ဝါရီ ၂၃ ရက်၊ မနေ့ကညနေပိုင်းမှာ အကြမ်းဖက် လူသတ်သမားတွေက အပြစ်မဲ့ ပြည်သူနှစ်ကို ခေါင်းဖြတ်သတ်ပြခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

“ခေါင်းဖြတ် အသတ်ခံရတာပါ၊ အသတ်ခံရတဲ့ လူနှစ်ယောက်ကတော့ ခင်ဦးမြို့၊ အောင်သီရိရပ်ကဃက်နေ ဒေါ်သင်းသင်းအောင် ဆိုတဲ့သူနဲ့ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာနေ ကိုသန်းထွန်းဦး တို့ဖြစ်တယ် ဖြတ်ထားတဲ့ ခေါင်းတွေကို လမ်းပေါ် ချထားတာ တွေ့ရတယ်၊” လို့ သေဆုံးသူတွေနဲ့ ရင်းနှီးသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ယောက်က “သေဆုံးသူ နှစ်ယောက်စလုံးက အပြစ်မဲ့ ပြည်သူနှစ်ယောက်ဖြစ်ပါတယ်၊ အဲ့ဒီ လူသတ်မှုကို အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်မှာ နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အခုလဆန်းပိုင်းက ရဲကင်း၊ ရဲစခန်းတွေ ပြန်လည်ဖွင့်လှစ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။