Trending Now

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဟု ဂျပန်ဇီဝဆေးကုမ္ပဏီ ပြော

Spread the love

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဟု ဂျပန်ဇီဝဆေးကုမ္ပဏီပြော
 

EPN
နိုင်ငံတကာ မတ် ၂၄

ဂျပန် ဇီဝဆေးကုမ္ပဏီ Anges Inc. က မိတ်ဖက် အိုဆာကာတက္ကသိုလ်နှင့် ကိုရိုနာဗိုင်းရပ်စ် ဒီအင်န်အေ ကာကွယ်ဆေး တီထွင်မှု ပြီးစီးခဲ့ပြီး မကြာမီ တိရစ္ဆာန်များနှင့် စမ်းသပ်မှု စတင်မည်ဟု ပြောကြား လိုက်သည်။

တစ်ကမ္ဘာလုံးတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၃၅၀၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆၀၀၀ ကျော် ရှိခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်မည့် ကုသဆေးတီထွင်မှုပြိုင်ဆိုင်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးကို အန္တရာယ်ကင်း မကင်း လူသားများနှင့် စမ်းသပ်မှုစတင်ရန် ပြီးခဲ့သောအပတ်အတွင်း တရုတ်နိုင်ငံက သု တေသီများကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်အပတ်ကပင် အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့အစည်းနှင့် ဇီဝနည်းပညာကုမ္ပဏီ မိုဒန်နာတို့ ပူးတွဲထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်များက ဆီးယက်တဲလ်မြို့ရှိ ဆေးဘက်အဆောက်အအုံတစ်ခု၌ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် တစ်နှစ်မှ တစ်နှစ်ခွဲအထိ အချိန်ကြာမြင့်မည်ဟု ပြည်သူ့ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကုသရန် ဗိုင်းရပ်စ်ကဲ့သို့သော အစက်များ အောင်မြင်စွာ ထုတ်လုပ်ခဲ့ကြောင်း ကနေဒါနိုင် ငံ၊ ကွိဘက်မြို့တွင် ဌာနချုပ်ရှိသည့် ဇီဝဆေးကုမ္ပဏီ Medicago က ကြေညာခဲ့သည်။

–ကိုကား–Israelnationalnews.com
Ref; Japanese firm says it developed vaccine against COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။