Trending Now

ျမစ္ႀကီးနားအက်ဥ္းေထာင္မွ ဦးေဇာ္ဂ်တ္ႏွင့္ ဦးလြမ္းေဇာင္း အပါအဝင္ အက်ဥ္းသား ၁၃၀၀ေက်ာ္ လႊတ္ေျမာက္

Spread the love

ျမစ္ႀကီးနားအက်ဥ္းေထာင္မွ ဦးေဇာ္ဂ်တ္ႏွင့္ ဦးလြမ္းေဇာင္း အပါအဝင္ အက်ဥ္းသား ၁၃၀၀ေက်ာ္ လႊတ္ေျမာက္
EPN

ျမစ္ႀကီးနား၊ ဧၿပီ ၂၆

ယေန႔ ဧၿပီလ ၂၆ရက္ေန႔တြင္ ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္၏ ဒုတိယအႀကိမ္ေျမာက္လႊတ္ၿငိမ္းသက္သာခြင့္အမိန္႔အရ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား အက်ဥ္းေထာင္မွ ဦးလြမ္းေဇာင္းႏွင့္ ဦးေဇာ္ဂ်က္အပါအဝင္အက်ဥ္းသားစုစုေပါင္း ၁၃၆၀ဦး လႊတ္ေျမာက္လာခဲ့သည္။

ယေန႔ လြတ္ေျမာက္လာသည့္ ဦးလြမ္းေဇာင္းႏွင့္ ဦးေဇာ္ဂ်က္တို႔မွာ ၂၀၁၈ ခုႏွစ္ ဧျပီလက ပိတ္မိ ေနသည့္ စစ္ေဘးဒုကၡသည္မ်ား လြတ္ေျမာက္ေရး ကခ်င္လူငယ္ သပိတ္စခန္းအား ဦးေဆာင္ခဲ့ရာ၌ တပ္မေတာ္ကုိ အေသေရဖ်က္ေစသည့္ အသုံးအႏႈန္းမ်ားေၾကာင့္ တပ္မေတာ္ကို အေသေရဖ်က္မႈ ပုဒ္မ ၅၀၀ ျဖင့္ တရားစြဲဆိုခဲ့ျပီး ဒီဇင္ဘာ (၇)ေန႔တြင္ ျမစ္ၾကီးနားျမိဳ႕နယ္ တရားရုံး၌ အလုပ္မ့ဲ ေထာင္ဒဏ္ (၆)လႏွင့္ ေငြဒဏ္(၅)သိန္းက်ပ္စီ အမိန္႔ခ်မွတ္လိုက္ၿပီး ယေန႔လႊတ္ေျမာက္လာရျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ေထာင္ဒဏ္ႏွစ္ေခါက္ခ်မွတ္ခံထားရသလိုျဖစ္တာေပါ့။ အဲ့ဒါေၾကာင့္မႈ ကြၽန္ေတာ္တို႔က တရားမွ်တမႈလံုးဝမရိွဘူး၊ ျပီးေတာ့ ဆက္ၿပီးေတာ့ျပည္ေထာင္စုတရားလႊတ္ေတာ္ရံုးခ်ဳပ္မွာ လည္း အယူခံဝင္သြားဖို႔ရိွပါတယ္။”ဟု ယေန႔လႊတ္ေျမာက္လာသည့္ ဦးေဇာ္ဂ်က္ကေျပာသည္။

ယခုနွစ္အတြင္း နိုင္ငံေတာ္သမၼတ၏ ပထမဆံုးအႀကိမ္လႊတ္ျငိမ္း သက္သာခြင့္အရ ဧၿပီလ ၁၇ရက္ေန႔တြင္ အက်ဥ္းက်ခံေနရေသာ အက်ဥ္းသား/သူ စုစုေပါင္း ၉၅၃၅ဦး လြတ္ေျမာက္ခဲ့ၿပီး ယေန႔တြင္ အက်ဥ္းသား/သူ စုစုေပါင္း ၉၆၄၈ဦး လႊတ္ေျမာက္လာခဲ့ၿပီး ျမစ္ႀကီးနားအက်ဥ္းေထာင္မွ ၁၃၆၀ဦး လႊတ္ေျမာက္လာေၾကာင္း သိရသည္။

လြမ္းေအာင္
————————————

မြစ်ကြီးနားအကျဉ်းထောင်မှ ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်း အပါအဝင် အကျဉ်းသား ၁၃၀၀ကျော် လွှတ်မြောက်
EPN

မြစ်ကြီးနား၊ ဧပြီ ၂၆

ယနေ့ ဧပြီလ ၂၆ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ ဒုတိယအကြိမ်မြောက်လွှတ်ငြိမ်းသက်သာခွင့်အမိန့်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်မှ ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျက်အပါအဝင်အကျဉ်းသားစုစုပေါင်း ၁၃၆၀ဦး လွှတ်မြောက်လာခဲ့သည်။

ယနေ့ လွတ်မြောက်လာသည့် ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျက်တို့မှာ ၂၀၁၈ ခုနှစ် ဧပြီလက ပိတ်မိ နေသည့် စစ်ဘေးဒုက္ခသည်များ လွတ်မြောက်ရေး ကချင်လူငယ် သပိတ်စခန်းအား ဦးဆောင်ခဲ့ရာ၌ တပ်မတော်ကို အသေရေဖျက်စေသည့် အသုံးအနှုန်းများကြောင့် တပ်မတော်ကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ (၇)နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံး၌ အလုပ်မဲ့ ထောင်ဒဏ် (၆)လနှင့် ငွေဒဏ်(၅)သိန်းကျပ်စီ အမိန့်ချမှတ်လိုက်ပြီး ယနေ့လွှတ်မြောက်လာရခြင်းဖြစ်သည်။

“ကျွန်တော်တို့နှစ်ယောက်က ထောင်ဒဏ်နှစ်ခေါက်ချမှတ်ခံထားရသလိုဖြစ်တာပေါ့။ အဲ့ဒါကြောင့်မှု ကျွန်တော်တို့က တရားမျှတမှုလုံးဝမရှိဘူး၊ ပြီးတော့ ဆက်ပြီးတော့ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှာ လည်း အယူခံဝင်သွားဖို့ရှိပါတယ်။”ဟု ယနေ့လွှတ်မြောက်လာသည့် ဦးဇော်ဂျက်ကပြောသည်။

ယခုနှစ်အတွင်း နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ်လွှတ်ငြိမ်း သက်သာခွင့်အရ ဧပြီလ ၁၇ရက်နေ့တွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ စုစုပေါင်း ၉၅၃၅ဦး လွတ်မြောက်ခဲ့ပြီး ယနေ့တွင် အကျဉ်းသား/သူ စုစုပေါင်း ၉၆၄၈ဦး လွှတ်မြောက်လာခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်မှ ၁၃၆၀ဦး လွှတ်မြောက်လာကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။