Trending Now

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် နှလုံးနဲ့ ကျောက်ကပ် အစားထိုးကုသမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့

Spread the love

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် နှလုံးနဲ့ ကျောက်ကပ် အစားထိုးကုသမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့

 

EPN

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅

ဆယ်စုနှစ်တစ်ခုကျော် နှလုံးရောဂါနဲ့ နေထိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဟနွိုင်းမြို့ရှိ ဆေးရုံတစ်ရုံမှာ အောင်မြင်စွာ နှလုံးနဲ့ ကျောက်ကပ်အစားထိုးကုသ နိုင်ခဲ့တယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

၁၀ နာရီကြာ ခွဲစိတ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ခွဲစိတ်ဆရာဝန် ၈၀ ဦး၊ မေ့ဆေးဆရာဝန်တွေနဲ့ အခြားဆေးဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လူနာဟာ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအားနည်းခြင်းတွေကို ဆယ်စုနှစ်တစ်ခုကျော် ခံစားခဲ့ရပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကိုခံစားခဲ့ရတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ကအထိ သူဟာ ကျောက်ကပ်နဲ့ နှလုံးပြဿနာကြောင့် အကြိမ်ကြိမ် အရေးပေါ် ဆေးရုံတက်ခဲ့ရပြီး နောက်ဆုံးမှာ မတိုးတက်လာတဲ့အတွက် ဆရာဝန်တွေက နှလုံးအစားထိုးဖို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဦးနှောက်အကြောသေနေတဲ့ အင်္ဂါအလှူရှင်တစ်ဦးနဲ့ ကိုက်ညီတဲ့အတွက် ဆရာဝန်တွေက ခွဲစိပ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ၈ ရက်အကြာမှာတော့ လူနာရဲ့ အစားထိုးထားတဲ့ နှလုံးနဲ့ ကျောက်ကပ်က ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေမပါပဲ ကောင်းမွန်စွာ လုပ်ဆောင်နိုင်နေပြီလို့ ဆိုပါတယ်။

ref; Vietnam’s hospital conducts 1st heart-kidney transplant

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။