Trending Now

အသွားအလာကန့်သတ်မှု အစီအမံများ ဖြေလျော့မည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ် ပြော

Spread the love

အသွားအလာကန့်သတ်မှု အစီအမံများ ဖြေလျော့မည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ် ပြော

EPN
နိုင်ငံတကာ၊ မေ ၇

ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်က စျေးဆိုင်အားလုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် အသွားအလာကန့်သတ်မှု သိသိသာသာ ဖြေလျော့မည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြား လိုက်သည်။

ဂျာမနီနိုင်ငံတွင် စျေးဆိုင်ငယ်များ လုပ်ငန်းလည်ပတ်ခွင့်ပြုသည်မှာ နှစ်ပတ်ရှိပြီဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးရည်မှန်းချက် အောင်မြင်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှု ပထမအဆင့် ပြီးဆုံးပြီဟု မာကယ်လ်က မေလ ၆ ရက်တွင် ပြောကြားခဲ့သည်။

ကြမ်းခင်းအကျယ် မည်မျှရှိသည်ဖြစ်စေ ဆိုင်အားလုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု သူက ဆိုသည်။ လက်ရှိ အခြေအနေများကို ထည့်သွင်းစဉ်းစားကာ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ရုပ်ရှင်ရုံများကို တစ် ဖြည်းဖြည်း ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်သည်။

ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲကို ယခုလယ်တွင် ပြန်လည်စတင်မည်ဖြစ်သည်။ သို့သော်လည်း တစ်ပတ် အတွင်း မြူနီစီပယ်ဧရိယာတစ်ခု၌ လူတစ်သိန်းလျင် ရောဂါကူးစက်မှုသစ် ၅၀ ကျော်လျင် ကန့်သတ်မှုများ ပြန် လည်ပြုလုပ်မည်ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး ၁ ဒသမ ၅ မီတာ ခပ်ခွာခွာနေစည်းမျဉ်းကိုမူ ဇွန်လ ၅ ရက်အထိ ဆက်လက်ချမှတ်ထား သည်။ ဂျာမနီပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက် သတိထားရမည်ဟု မာကယ်လ်က ဆိုသည်။ ဂျာမနီနိုင်ငံက မတ်လအတွင်း အသွားအလာကန့်သတ်မှု ပြုလုပ်ခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Germany to significantly ease lockdown measures


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။