Trending Now

ပဲခူး-ရန်ကုန် လိုင်းကားတစ်စီးက လမ်းဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်ပေါ်ပါလာသည့် ကလေးငယ် (၁)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ

Spread the love

ပဲခူး-ရန်ကုန် လိုင်းကားတစ်စီးက လမ်းဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်ပေါ်ပါလာသည့် ကလေးငယ် (၁)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ

EPN
နေပြည်တော်၊ သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန် – ပြည် ကားလမ်းတွင် ပဲခူး-ရန်ကုန် လိုင်း ကားမှ လမ်းဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်ပေါ်ပါ လာသည့် ကလေးငယ် (၁) ဦး စုစုပေါင်း ၂ ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ သြဂုတ်လ (၂) ရက် နံနက် (၈) နာရီက ပဲခူး- ရန်ကုန် လိုင်းကားမှ ပရိုဘောက်ကားကိုရှောင်ရာ လမ်း ဘေးတွင်ရပ်ထားသော ဆိုင်ကယ်အားတိုက်ပြီး အုတ်နံရံကိုတိုက်စဉ် နောက်ကားမှ ထပ်မံတိုက်မှု ဖြစ်စဉ်ဖြစ်ပွါး ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူနှင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကလေး ငယ် (၁) ဦး သေဆုံးသွားပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ – ကိုချစ်ဦး (ဘယ်ခြေထောက်)၊ ကိုအောင်ဆန်းဝင်း (နဖူးဘယ်ညာကွဲ၊ မေးစိကွဲ)၊ ကို ဝေယံမျိုး (ဘယ်လက်ကျိုး)၊ ဆရာမ မအိသဇင်သင်း (တင်မဆုံ ရိုးကျိုး)၊ မယွန်းပြည့်ပြည့်အောင် ၇ နှစ် (ညာ ခြေအပိုင်းပိုင်းကျိုး)၊ မအုန်မာဦး (ညာခြေသလုံးကျိုး)၊ မအေမီဦး (ဘယ်ခြေသလုံးကျိုး)၊ ကိုခန့်စည်သူ (ဦးချိုကွဲ၊ နောက်စေ့ကွဲ၊ မေးစေ့ကွဲ၊ နားရွက်ကွဲ)၊ မအေမီမော်ဦး (ဘယ်ခြေထောက်ကျိုး) အမည်မသိတစ်ဦးတို့ ဖြစ် ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းနှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူတို့အား ပုလဲ အရန်မီးသတ်စခန်း၊ ပတ္တမြားလူငယ်ပရဟိတအသင်းနှင့် မင်္ဂလာဒုံနာကူအသင်းတို့၏ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။