Trending Now

ဗန်းမောက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး သိန်း ၅၀၀ ဓါးပြတိုက်ခံရ

Spread the love

ဗန်းမောက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး သိန်း ၅၀၀ ဓါးပြတိုက်ခံရ

EPN
ဗန်းမောက် ၊ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဗန်းမောက်-အင်းတော် ကားလမ်းမပေါ်တွင် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး ငွေကျပ်သိန်း(၅၀၀)ဓါးပြတိုက်ခံရပြီး ကျောက်လှည့်ဖြင့် အထိုးခံခဲ့ရသည့်အတွက် ဒဏ်ရာများပြင်ထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“နေ့လည်၂နာရီအချိန်လောက်က ဖြစ်တာပါ၊ အဲ့အမျိုးသမီးက သူ့အဒေါ်ဆီကိုပိုက်ဆံလာ ပို့တာတဲ့၊ဗန်းမောက်နဲ့အင်းတော်နယ်ကြားက တောတန်းအရောက်မှာ၊ လူပြတ်တဲ့အချိန်နေမှာပေါ့၊ လူသုံးရောက်က တားပြီးတော့ အိတ်ထဲမှာပါတဲ့ သိန်း(၅၀၀)ကိုလုယူပြီးတော့၊ သူတို့မှာပါလာတဲ့ ကျောက်လှဲ့နဲ့မျက်နှာနဲ့ ဝမ်းဗိုက်ကိုထိုးတာ၊ ဒဏ်ရာတွေအပြင်းအထန်ရလို့ ကသာဆေးရုံကိုပို့လိုက်ရတယ်” ဟု အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါဓါးပြတိုက်ခံရသည့် မနန္ဒာမှာ အသက်အန္တရယ် စိုးရိမ်ရသည့်အတွက် ကသာမြို့ဆေးရုံကြီးသို့ လူမူကူညီရေးကားဖြင့် ပို့ဆောင်ကုသနေရကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်တွင် ပြီးခဲ့သည့်ဖေဖေါ်ဝါရီလ၆ရက်နှင့် ဖေဖေါ်ဝါရီလ၂၃ရက်နေ့ကလည်း အေးငြိမ်းဓန ကျောက်ရွှေတူးဖေါ်ရေးကုမ္ပဏီအား လူတစ်စုမှနှစ်ကြိမ်ဓါးပြတိုက်ခဲ့သဖြင့် သိန်း(၂၀၀၀)ကျော်ပါသွားသည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည့်အတွက် မြို့နယ်နေပြည်သူများမှာ ယခုအချိန်တွင် ခိုးဆိုးလုယက်ဓါးပြတိုက်မူများနှင့် ကြုံတွေ့နေကြရသောကြောင့် စိုးရိမ်ထိန့်လန့်မူများ ရှိနေကြောင်းသိရသည်။

နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။