Trending Now

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် တနှစ်ခွဲကျခံနေရသည့် ဖားကန့်မြို့နယ်က သတင်းထောက် တစ်ဦးအပါအဝင် (၁၂)ဦး ထပ်မံလွတ်မြောက်လာ

Spread the love

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် တနှစ်ခွဲကျခံနေရသည့် ဖားကန့်မြို့နယ်က သတင်းထောက် တစ်ဦးအပါအဝင် (၁၂)ဦး ထပ်မံလွတ်မြောက်လာ

EPN

မြစ်ကြီးနား ၊ အောက်တိုဘာ ၄

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် ဖားကန့်အခြေစိုက် သတင်းထောက်အပါအဝင် စုစုပေါင်း (၁၂) ဦး ယမန်နေ့ က ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“၂၀၂၁ ခုနှစ် ၅လပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲက အောက်တိုဘာ (၃)ရက်နေ့မှာ (၁၂)ဦး လွတ်ကြတယ် အဲ့အထဲမှာ ဖားကန့်မြို့နယ်အတွင်းက သတင်းထောက် တစ်ဦး လွတ်မြောက်ခဲ့တယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လွတ်မြောက်လာသူများသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမဇွပ်ယန်အကျဉ်းထောင်မှ လွတ်မြောက်လာ ခဲ့ကြခြင်ဖြစ်ပြီး ဖားကန့်မြို့နယ်တွင် ဆန္ဒပြအရေးခင်းကာလမှာ ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခံရသူ ၅၀ ခန့်ရှိသည့်အနက် စက်တင်ဘာ ၃၀ ရက်နေ့က ၈ ဦးလွတ်မြောက်ခဲ့သလို ပြီးခဲ့သည့်လပိုင်းက လွတ်မြောက်ခဲ့သူများအပါအဝင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၂၇)ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်အကျဉ်းထောင်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသူ (၂၀)နီးပါ ကျန်းရှိနေကြောင်း သိရပြီး လွတ်မြောက်ခဲ့သူအများစုသည် ထောင်ဒဏ်တနှစ်ခွဲ ပြစ်ဒဏ်အပြည့်ဝကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။