Trending Now

ထိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိတဲ့ စစ်ရေးအကူအညီပေးအပ်သွားမယ်လို့ အမေရိကန် ကြေညာ

Spread the love

ထိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိတဲ့ စစ်ရေးအကူအညီပေးအပ်သွားမယ်လို့ အမေရိကန် ကြေညာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၉

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိတဲ့ စစ်ရေးအကူအညီပေးအပ်သွားမယ့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဒီနေ့ မနက်ပိုင်းက ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကို ပေးအပ်သွားမယ့် အစီအစဉ်ထဲမှာ ထောက်လှမ်းရေးနဲ့ ကင်းထောက်ဆိုင်ရာ ကရိယာတွေအပြင် သံချပ်ကာဆန့်ကျင်ရေးနဲ့ လေကြောင်းဆန့်ကျင်ရေးလက်နက်တွေလည်း ပါဝင်တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဒီစစ်ရေးအကူအညီဟာ အနာဂတ်မှာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းလာစေဖို့ ပေးအပ်ခဲ့တာဖြစ်ပြီး အကူအညီကို အမြန်ဆုံးပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် ဝါရှင်တန်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နဲ့ ပူးပေါင်းကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်ဖို့ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းဝမ်ကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တင်းမာမှုတွေရှိနေတဲ့ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကျွန်းကို ပိုက်နက်တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းပိုက်သွားမယ်လို့ ကတိပြုထားပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။