Trending Now

ရေစကြိုမြို့နယ်မှာ အကြမ်းဖက်အဖွဲ့အတွက် သေနတ်တွေ သယ်ယူပေးတဲ့ ကားသမား အဖမ်းခံရ

Spread the love

ရေစကြိုမြို့နယ်မှာ အကြမ်းဖက်အဖွဲ့အတွက် သေနတ်တွေ သယ်ယူပေးတဲ့ ကားသမား အဖမ်းခံရ

EPN

ရေစကြို ၊ မတ် ၉

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေးကြိုမြို့နယ် ၊ ဇီးတောကျေးရွာ ၊ ပခုက္ကူ ရေစကြို မုံရွာ ကားလမ်းမှာ မတ် ၈ ရက် ၊ မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ နယ်မြေလုံခြုံရေးအဖွဲ့က ကားတွေကို ရပ်တန့်ကှာဖွေ စစ်ဆေးတဲဘအခါ အကြမ်းဖက်အဖွဲ့အတွက် သေနတ်တွေ သယ်ယူပေးနေတဲ့ ခရီးသည်တင် ကားသမားတစ်ဦးကို ဖမ်းဆီးရမိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ရွှေအာကာ ခရီးသည်တင်ကား အသင်းက အခုလို လက်နက်သယ်တာ မိတာပါ ” လို့ မုံရွာ ပခုက္ကူ ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက ” ရွှေအာကာ ခရီးသည်တင် ကားအသင်းက ယာဉ်မောင်း ကိုရန်နိုင်မိုး မောင်းနှင်လာတဲ့ကားပေါ်ကနေ AK – 47 သေနတ်တလက် မိတာပါ ၊ အသားတုထည့်လာတဲ့ ပီနံအိတ်ထဲကနေ မိတာပါ ” လို့ ပြောပါတယ်။

အကြမ်းဖက်အဖွဲ့အတွက် သေနတ်သယ်ယူပေးတဲ့ ကားသမားဖြစ်သူကို ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေပြီး အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။