Trending Now

မိုးညႇင္းၿမိဳ႕ေပၚရပ္ကြက္ရွိ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္(၂)ဆိုင္တြင္ တစ္ေန႕တည္း ၿပိဳင္တူေဖာက္ထြင္းခံရမႈျဖစ္ပြား

Spread the love

မိုးညႇင္းၿမိဳ႕ေပၚရပ္ကြက္ရွိ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္(၂)ဆိုင္တြင္ တစ္ေန႕တည္း ၿပိဳင္တူေဖာက္ထြင္းခံရမႈျဖစ္ပြား

EPN
မိုးညႇင္း၊ ဧၿပီ ၆

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ေပၚ ရပ္ကြက္ရွိ အိမ္ေဆာက္အပစၥည္းအေရာင္းဆိုင္ (၂)ဆိုင္တြင္ တစ္ေန႕တည္း ေဖာက္ထြင္းခိုးယူခံရမႈျဖစ္ပြားခဲ့ရာ လက္၀တ္ရတနာပစၥည္းမ်ား၊ လက္ကိုင္ဖုန္းမ်ား၊ ေရေမာ္တာမ်ားႏွင့္ ေငြစကၠဴမ်ား ေပ်ာက္ဆံုးသြားေၾကာင္း မိုးညႇင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မိုးညႇင္းၿမိဳ႕၊ အေရွ႕စုရပ္ကြက္၊ အမွတ္(၃)လမ္းရွိ၊ အိမ္အမွတ္ (၂၄၈)၊ “စိန္” အိမ္ေဆာက္ပစၥည္းေရာင္း၀ယ္ေရးလုပ္ကိုင္သူ ေဒၚခင္စန္းဝင္းသည္ ဧၿပီ(၅)ရက္ေန႕၊ နံနက္ ၅နာရီခြဲ အခ်ိန္ခန္႕က ၎အိမ္၏ အေရွ႕မ်က္ႏွာစာကပ္လ်က္ ဖြင့္ထားေသာ ဆိုင္၏ ဘယ္ဘက္အျခမ္းမွ ျပတင္းတံခါးမ်ားပြင့္ေနသည္ကို ေတြ႕ရိွရသျဖင့္ ၎ဆိုင္အတြင္း သို႔ဝင္ေရာက္စစ္ေဆးၾကည့္ခဲ့ရာ အလုပ္႐ံုစားပြဲတြင္ ထားေသာအံဆြဲမွာ ပြင့္ေနသည္ကို ေတြ႕ရၿပီး အံဆြဲအတြင္းမွ ေငြစကၠဴေရာရာ က်ပ္သိန္း(၃၀)ခန္႔မွာ ေပ်ာက္ဆံုးေနသည္ကို စစ္ေဆးေတြ႕ရိွရသျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းသို႔ အမႈ႕ဖြင့္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

ထိုျဖစ္စဥ္္ႏွင့္အလားတူ အေရွ႕စုရပ္ကြက္၊ အိမ္အမွတ္(၁၅၈)ေန ဦးေက်ာ္စြာဝင္း၊ “Excellent” အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေရး လုပ္ကိုင္သူသည္ နံနက္ ၆နာရီအခ်ိန္ခန္႔က ဆိုင္ဖြင့္စဥ္ နံရံကြန္ကရစ္စင္ေပၚတြင္ ေရာင္းခ်ရန္တင္ထားေသာ ေငြက်ပ္(၅)ေသာင္းတန္ ေရေမာ္တာအလံုး(၂၀)ခန္႔မွာ ေပ်ာက္ဆံုးေနသျဖင့္ ဆိုင္အတြင္း လွည့္လည္ၾကည့္႐ႈ႕စစ္ေဆးခဲ့ရာ ဆိုင္အတြင္း အိမ္သာတံခါးေပါက္မ်ားအားကာထားေသာ မွန္လည္(၃)ခ်ပ္မွာ ျပဳတ္ေနၿပီး သံပန္းအကာမွာလည္း ဝက္အူမ်ားျပဳတ္ထြက္ေနသည္ကို ေတြ႕ရိွရသျဖင့္ အေရွ႕စုရပ္ကြက္ေန
ရာအိမ္မွဴးဦးဝင္းႏိူင္အား အေၾကာင္းၾကား၍ အိမ္သို႔ျပန္လာခဲ့ရာ အိမ္တြင္ေနထိုင္သည့္ ခယ္မျဖစ္သူ ေအးေအးေအာင္မွ ကေလးသိပ္ရန္ထားေသာ စတီးပုခက္အတြင္း ထည့္ထားေသာ အျဖဴေရာင္အိတ္ႏွင့္ ခ်ည္ကာ ထည့္ထားေသာ (၂)က်ပ္သားခန္႔ရိွ သံႀကိဳးဆက္ေရႊ ဆြဲႀကိဳး(၁)ကံုး၊ ကာလတန္ဘိုး၊ က်ပ္သိန္း(၂၀)ခန္႔၊ (၃)က်ပ္သားခန္႔ အလိမ္ပံု ေရႊဆြဲႀကိဳး (၁)ကံုး၊ ကာလတန္ဘိုး က်ပ္-သိန္း(၃၀)တန္ဘိုးခန္႔၊ (၁)က်ပ္သားခန္႔ရိွေရစက္ပံု ေရႊဆြဲသီး(၁)ခု၊ ကာလတန္ဘိုး (၁၀)သိန္းက်ပ္ခန္႔ ၊(၃)က်ပ္သားခန္႔ရိွေသာ နဂါးေခါင္းပံုပါ ေရႊလက္ေကာက္(၁)ကြင္း -ကာလတန္ဘိုးက်ပ္သိန္း(၃၀)တန္ ၁၀”ပဲသားခန္႔ရိွ ေရႊကလစ္တစ္ခု၊ ကာလတန္ဘိုး (၆)သိန္းခန္႔၊ စိန္လက္စြပ္တစ္ကြင္း -ကာလတန္ဘိုး (၇)သိန္းခန္႔၊ (ေက်ာက္စိမ္းအားစိန္ႏွင့္ကြင္း၍ ျပဳလုပ္ထားေသာလက္စြပ္တစ္ကြင္း ကာလတန္ဘိုးက်ပ္သိန္း(၂၀)ခန္႔ ႏွင့္ (၁)က်ပ္သား အရြယ္ရိွ ေရႊသားသီးသန္႔ ေမာင္းကြင္းလက္စြပ္တစ္္ကြင္း၊ ေလးပဲသား အရြယ္ရိွ ေမာင္းကြင္း (ပလက္တီနမ္)လက္စြပ္တစ္ကြင္း-ကာလတန္ဘိုး (၄)သိန္႔ခန္႔ႏွင့္- (opp)အျပာေရာင္(၅)သိန္းက်ပ္တန္ဖုန္းႏွင့္ ဆမ္ေဆာင္း၊ A -7ေရႊအိုေရာင္ အမ်ိဳးအစား (၇)သိန္းက်ပ္တန္ႏွင့္ ေငြစကၠဴေရာရာ က်ပ္သိန္း(၂၀)ခန္႔တန္ဘိုးခန္႔အပါအဝင္စုစုေပါင္း ကာလတန္ဘိုး ေငြက်ပ္(၁၇၈)သိန္းက်ပ္ ေပ်ာက္ဆံုးသြားေၾကာင္း ထပ္မံသိရွိရသျဖင့္  မိုးညႇင္းၿမိဳ႕မရဲစခန္းထံသို႕တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုးညႇင္းၿမိဳ႕မရဲစခန္းမွ (ပ)၇၅/၁၉ ဥပေဒပုဒ္မ(၃၈၀)ျဖင့္ အမႈေရးဖြင့္ကာ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္မ်ားအား ေဖာက္ထြင္းခိုးယူမႈ က်ဴးလြန္သူမ်ားအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

မိုးျမင့္
ဓါတ္ပံု (CCTV မွတ္တမ္း၊ Excellent အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္)
——————————————–

မိုးညှင်းမြို့ပေါ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(၂)ဆိုင်တွင် တစ်နေ့တည်း ပြိုင်တူဖောက်ထွင်းခံရမှုဖြစ်ပွား

EPN
မိုးညှင်း၊ ဧပြီ ၆


ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ် ရပ်ကွက်ရှိ အိမ်ဆောက်အပစ္စည်းအရောင်းဆိုင် (၂)ဆိုင်တွင် တစ်နေ့တည်း ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့ရာ လက်ဝတ်ရတနာပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ရေမော်တာများနှင့် ငွေစက္ကူများ ပျောက်ဆုံးသွားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ အမှတ်(၃)လမ်းရှိ၊ အိမ်အမှတ် (၂၄၈)၊ “စိန်” အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်ခင်စန်းဝင်းသည် ဧပြီ(၅)ရက်နေ့၊ နံနက် ၅နာရီခွဲ အချိန်ခန့်က ၎င်းအိမ်၏ အရှေ့မျက်နှာစာကပ်လျက် ဖွင့်ထားသော ဆိုင်၏ ဘယ်ဘက်အခြမ်းမှ ပြတင်းတံခါးများပွင့်နေသည်ကို တွေ့ရှိရသဖြင့် ၎င်းဆိုင်အတွင်း သို့ဝင်ရောက်စစ်ဆေးကြည့်ခဲ့ရာ အလုပ်ရုံစားပွဲတွင် ထားသောအံဆွဲမှာ ပွင့်နေသည်ကို တွေ့ရပြီး အံဆွဲအတွင်းမှ ငွေစက္ကူရောရာ ကျပ်သိန်း(၃၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မိုးညှင်းမြို့မရဲစခန်းသို့ အမှု့ဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။


ထိုဖြစ်စဉ်နှင့်အလားတူ အရှေ့စုရပ်ကွက်၊ အိမ်အမှတ်(၁၅၈)နေ ဦးကျော်စွာဝင်း၊ “Excellent” အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူသည် နံနက် ၆နာရီအချိန်ခန့်က ဆိုင်ဖွင့်စဉ် နံရံကွန်ကရစ်စင်ပေါ်တွင် ရောင်းချရန်တင်ထားသော ငွေကျပ်(၅)သောင်းတန် ရေမော်တာအလုံး(၂၀)ခန့်မှာ ပျောက်ဆုံးနေသဖြင့် ဆိုင်အတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ရာ ဆိုင်အတွင်း အိမ်သာတံခါးပေါက်များအားကာထားသော မှန်လည်(၃)ချပ်မှာ ပြုတ်နေပြီး သံပန်းအကာမှာလည်း ဝက်အူများပြုတ်ထွက်နေသည်ကို တွေ့ရှိရသဖြင့် အရှေ့စုရပ်ကွက်နေ
ရာအိမ်မှူးဦးဝင်းနိူင်အား အကြောင်းကြား၍ အိမ်သို့ပြန်လာခဲ့ရာ အိမ်တွင်နေထိုင်သည့် ခယ်မဖြစ်သူ အေးအေးအောင်မှ ကလေးသိပ်ရန်ထားသော စတီးပုခက်အတွင်း ထည့်ထားသော အဖြူရောင်အိတ်နှင့် ချည်ကာ ထည့်ထားသော (၂)ကျပ်သားခန့်ရှိ သံကြိုးဆက်ရွှေ ဆွဲကြိုး(၁)ကုံး၊ ကာလတန်ဘိုး၊ ကျပ်သိန်း(၂၀)ခန့်၊ (၃)ကျပ်သားခန့် အလိမ်ပုံ ရွှေဆွဲကြိုး (၁)ကုံး၊ ကာလတန်ဘိုး ကျပ်-သိန်း(၃၀)တန်ဘိုးခန့်၊ (၁)ကျပ်သားခန့်ရှိရေစက်ပုံ ရွှေဆွဲသီး(၁)ခု၊ ကာလတန်ဘိုး (၁၀)သိန်းကျပ်ခန့် ၊(၃)ကျပ်သားခန့်ရှိသော နဂါးခေါင်းပုံပါ ရွှေလက်ကောက်(၁)ကွင်း -ကာလတန်ဘိုးကျပ်သိန်း(၃၀)တန် ၁၀”ပဲသားခန့်ရှိ ရွှေကလစ်တစ်ခု၊ ကာလတန်ဘိုး (၆)သိန်းခန့်၊ စိန်လက်စွပ်တစ်ကွင်း -ကာလတန်ဘိုး (၇)သိန်းခန့်၊ (ကျောက်စိမ်းအားစိန်နှင့်ကွင်း၍ ပြုလုပ်ထားသောလက်စွပ်တစ်ကွင်း ကာလတန်ဘိုးကျပ်သိန်း(၂၀)ခန့် နှင့် (၁)ကျပ်သား အရွယ်ရှိ ရွှေသားသီးသန့် မောင်းကွင်းလက်စွပ်တစ်ကွင်း၊ လေးပဲသား အရွယ်ရှိ မောင်းကွင်း (ပလက်တီနမ်)လက်စွပ်တစ်ကွင်း-ကာလတန်ဘိုး (၄)သိန့်ခန့်နှင့်- (opp)အပြာရောင်(၅)သိန်းကျပ်တန်ဖုန်းနှင့် ဆမ်ဆောင်း၊ A -7ရွှေအိုရောင် အမျိုးအစား (၇)သိန်းကျပ်တန်နှင့် ငွေစက္ကူရောရာ ကျပ်သိန်း(၂၀)ခန့်တန်ဘိုးခန့်အပါအဝင်စုစုပေါင်း ကာလတန်ဘိုး ငွေကျပ်(၁၇၈)သိန်းကျပ် ပျောက်ဆုံးသွားကြောင်း ထပ်မံသိရှိရသဖြင့်  မိုးညှင်းမြို့မရဲစခန်းထံသို့တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းမှ (ပ)၇၅/၁၉ ဥပဒေပုဒ်မ(၃၈၀)ဖြင့် အမှုရေးဖွင့်ကာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မိုးမြင့်
ဓါတ်ပုံ (CCTV မှတ်တမ်း၊ Excellent အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်)

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။