Trending Now

နန့်မွန်းမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ၇၀၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

နန့်မွန်းမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ၇၀၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
နန့်မွန်း၊ ဇန်နဝါရီ ၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ နန့်မွန်းမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ၇၀၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူများကို ဇန်နဝါရီ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီခွဲအချိန် နန့်မွန်း-မပြင်ကျေးရွာသွား ကားလမ်းတွင် ဇော်မျိုး၀င်း(ခ)ကိုနှောင်း မောင်းနှင်ပြီး အောင်ကို၀င်း လိုက်ပါလာသည့် Pajero အမျိုးအစား မော်တော် ယာဉ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက် များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၇၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဇော်မျိုး၀င်း(ခ)ကိုနှောင်း(၃၂)နှစ်နှင့် အောင်ကို၀င်း(၂၈)နှစ်တို့အား လုံးတုံနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားလျှက်ရှိကြောင်း သိရသည်။

လင်းယုန်
May be an image of ‎2 people, car and ‎text that says '‎一 سن ဇော်မျိုးဝင်း၊ အောင်ကိုဝင်း နှင့် သက်သေခံပစ္စည်းများ‎'‎‎

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။