Trending Now

ယူကရိန်းစစ်ပွဲအပေါ် တရုတ်ရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ပူတင်ပြော

Spread the love

ယူကရိန်းစစ်ပွဲအပေါ် တရုတ်ရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ပူတင်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

ယူကရိန်းစစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ကြောင်းနဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး မျှတမှုရှိတဲ့ အတွက် တရုတ်နိုင်ငံကို ကျေးဇူတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့ပါတယ်။

“ယူကရိန်းအကျပ်အတည်းမှာ ကျွန်တော်တို့ တရုတ်မိတ်ဆွေတွေရဲ့ မျှတတဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ စိုးရိမ်မှုတွေကိုလည်း ငါတို့နားလည်ပါတယ်။ ဒီနေ့အစည်းအဝေးမှာ ငါတို့ရဲ့ ရပ်တည်ချက်ကို သေချာရှင်းပြပေးပါမယ်။” လို့ သီးခြားအစည်းအဝေးတစ်ခုမှာ ပူတင်က ရှီကို ပြောကြားခဲ့တာပါ။

အဖွဲ့ဝင် ရှစ်နိုင်ငံပါဝင်တဲ့ SCO ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးဆွေးနွေးပွဲက သီးခြားအစည်းအဝေး တခုမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ SCO ကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှား နဲ့ ဆိုဗီယက် ဗဟိုအာရှနိုင်ငံဟောင်းတွေဖြစ်တဲ့ ကာဇက်စတန် ၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အနောက်နိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကို ယှဉ်ပြိုင်နိုင်ဖို့ ၂၀၀၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီး တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ယူကရိန်းကိစ္စကို တိတိကျကျ ဖေါ်ပြထားခြင်း မရှိပေမယ့် ရုရှားရဲ့အဓိက အကျိုးစီးပွားတွေကို အပြည့်အဝထောက်ခံကြောင်း ဖော်ပြထားပြီး အင်အားကြီးနိုင်ငံနှစ်ခု ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိုန်းကို ကျူးကျော်ပြီးကတည်းက တရုတ်က ရုရှားပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပေမယ့် စစ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံခြင်း နဲ့ ကူညီပေးခဲ့ခြင်းတော့မရှိပါဘူး။

လက်ရှိအချိန်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ တရုတ်ရဲ့ ပံ့ပိုးကူညီမှုကို မရှိမဖြစ်လိုအပ်နေတယ်လို့ ကျယ်ပြန့်စွာရှုမြင်ထားကြပြီး စွမ်းအင်တင်ပို့မှုနဲ့ နည်းပညာမြင့်ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အတွက် ဈေးကွက်လိုအပ်နေတယ်လို့ ဆိုပါတယ်။

မဟာမိတ်တွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးမှုကို တန်ပြန်ဖို့အတွက် မကြာသေးမီနှစ်တွေအတွင်းက အကန့်အသတ်မရှိတဲ့ ဆက်ဆံရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံပိုမိုနီးကပ်လာခဲ့ပါတယ်။

ရုရှားအရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် တရုတ်က ရာနဲ့ ချီတဲ့ တပ်ဖွဲ့စေလွတ်ခဲ့ပြီး နှစ်နိုင်ငံစစ်ရေးပူးပေါင်ဆောင်ရွက်မှုကို အရှိန်မြင့်တင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရှရုားနဲ့ တရုတ်စစ်သင်္ဘောတွေဟာ ပစိဖိတ်ဒေသအတွင်းမှာ ပူတွဲကင်းလှည့်နေပြီး ပင်လယ်ပြင်မှာ အမြောက်ပစ်လေ့ကျင့်မှုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

— ကိုးကား —
ရိုက်တာ/afp
ref; Putin acknowledges China’s concerns over Ukraine in sign of friction/Xi says China, Russia should work together as ‘great powers’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။