Trending Now

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေးဓာတ်တော်တိုတ်စေတီ ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာအုတ်မြစ်စီ မင်္ဂလာ အခမ်းအနားကျင်းပ

Spread the love

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေးဓာတ်တော်တိုတ်စေတီ ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာအုတ်မြစ်စီ မင်္ဂလာ အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား ၊ ဇွန်လ ၂၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ၏ ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ယနေ့ မနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာအခမ်းအနား ပထမပိုင်းကို “နမောတသ”သုံကြိမ်ရွက်ဆိုကြကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပရိတ်သတ်များမှ ကိုးပါးသီလကို ခံယူခဲ့ကြ၍ ပရိတ်ပန်း၊ပရိတ်သဲနှင့် ပရိတ်ချည်များကို သံဃာတော်များထံ ဆက်ကပ်ကြခဲ့ကြပြီး ပန္နတော်ဆိုင်ရာပစ္စည်းများကိုလည်း တစ်ဆက်တည်း ဆက်ကပ်ခဲ့ကြသည်။

အခမ်းအနားအစီစဉ် ဒုတိယပိုင်းတွင် ပန္နက်တော်ဆိုင်ရာပစ္စည်းများကို အခမ်းအနားဖြင့် စေတီတော်တည်မည့် ဝတ္တကမြေသို့ပင့်ဆောင်သယ်လာကြပြီး သံဃာတော် အရှင်သူမြတ် အပေါင်းတို့မှ နမောတဿအစချီ၍ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဝေနေယျ အပေါင်းတို့အား မေတ္တာပို့သခြင်းများဆောင်ရွက်တော်မူပြီး ရွှေ၊ ငွေ၊ ကျောက်စိမ်း စသည့် အရောင်ဆင်းရှိသော အုတ်(၈)မျိုးဖြင့် အုတ်မြစ်တော်စီအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမူး ဦး မြတ်သက်ဦးနှင့် ဇနီး ဒေါ် မီမီဆွေလှိုင် အပါအဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာတော်ကြီးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။