Trending Now

ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ခရီးသည်တင်ကားတစ်စီး တနိုင်း မြို့အဝင် ၅ မိုင်လုံခြုံရေးဂိတ်၌ ဖမ်းဆီးရမိ

Spread the love

ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ခရီးသည်တင်ကားတစ်စီး တနိုင်း မြို့အဝင် ၅ မိုင်လုံခြုံရေးဂိတ်၌ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့အဝင် (၅)မိုင် လုံခြုံရေးနှင့်စစ်ဆေးရေး တပ်စခန်းတွင် ယမန်နေ့က အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ခရီးသည်ကားတစ်စီး အတွင်း သယ်ဆောင်လာသည့် ဂျပ်ဖာများမှ ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တနိုင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တနိုင်းမြို့အဝင် အနီး (၅) မိုင် လုံခြုံရေးနှင့် စစ်ဆေးရေးတပ်စခန်းတွင် မြစ်ကြီးနားမှ တနိုင်းမြို့ ဘက်သို့ အမျိုးသားတစ်ဦးမှ မောင်းနှင်လာသည့် ပရိုဘောက် ကားတစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ကုန် ပစ္စည်းများနှင့် အတူ သယ်ဆောင်လာသည့် ဂျပ်ဖာများအား ဖွင့်ဖောက်ကြည့်ရာမှ ဘိန်းဖြူဆပ်ပြာ ခွက်(၄၄၀) ခွက်၊ စိတ်ကြွဆေးပြား (၆၀၀၀၀) ပြားဒေသကာလပေါက်ဈေးအရ ကျပ်သိန်း ၁၃၀၀ခန့် တန်ဖိုးရှိပြီး အခြား ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းမူးယစ်ဆေးဝါးများနှင့် ကားသမားအား တနိုင်းမြို့မရဲစခန်းထံသို့ ဆက်သွယ် အကြောင်းကြားပြီး လွဲပြောင်း ပေးခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဂျပ်ဖာအတွင်း ပါရှိသည့် ဖုန်းနံပတ်အား ပစ္စည်း ရောက်ရှိပြီဖြစ်သည့်အတွက် လာယူရန် ဆက်သွယ်ခဲ့ပြီး အဆိုပါ ဖုန်းနံပါတ်ပိုင်ရှင်မှ ပစ္စည်းလာယူချိန်တွင် ကွင်းဆက် အဖြစ် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပစ္စည်းလာယူသူ ဇင်ကိုလတ် (ခ)ဇင်ကို (၂၃) နှစ် နှင့် ယာဉ်မောင်း ငွါးဆီ (၂၀)နှစ် တို့အား တနိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် အရေးယူဆောင်ရွက်ထားလျက် ရှိကြောင်း သိရသည်။

တနိုင်းမြို့အဝင် (၅) မိုင်လုံခြုံရေးနှင့် စစ်ဆေးရေး တပ်စခန်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ကလည်း အမျိုးသမီးနှစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

သံလွင်
Photo SH


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။