Trending Now

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၉၀၀ ကျော်အထိရှိလာ

Spread the love

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၉၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်မှာ ၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၈၇,၇၂၅ ဦးအနက် လူ ၉၀၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူအသစ် ၃၀၀၈ ဦးအထိ ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားတဲ့ မုတ်သုံရာသီဖြစ်သတ်မှတ်ထားပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။