Trending Now

သီရိလင်္ကာအစိုးရက ရုရှားက လောင်စာဆီတင်သွင်းဖို့ စီစဉ်

Spread the love

သီရိလင်္ကာအစိုးရက ရုရှားက လောင်စာဆီတင်သွင်းဖို့ စီစဉ်

EPN
နိုင်ငံတကာ၊ ဇွန် ၂၇

သီရိလင်္ကာအစိုးရက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်တစ်နေ့မှာပဲ လောင်စာဆီရရှိဖို့အတွက် ရုရှားနဲ့ ကာတာကို ဝန်ကြီးတွေ စေလွှတ်သွားမယ်လို့ ဇွန် ၂၆ ရက်က ကြေညာခဲ့ပါတယ်။

နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှုကြောင့် စာသင်ကျောင်းတွေနဲ့ အစိုးရဌာနလုပ်ငန်း အချို့ကို ဇွန်လ ၂၀ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရပြီး လောင်စာဆီးချွေတာဖို့အတွက် နောက်နှစ်ပတ်အထိ ဆက်လက်ပိတ်ထားမယ်လို့ ဆိုပါတယ်။

သိရိလင်္ကာ နိုင်ငံဟာ ပြီးခဲ့တဲ့လက ဆိုက်ဘေးရီးယား ရေနံစိမ်း တန်ချိန် ၉၀၀၀၀ ကို ဒူဘိုင်းက ကြားခံကုမ္ပဏီတစ်ခုရဲ့ အစီအစဉ်နဲ့ ဝယ်ယူခဲ့ရပေမယ့် ရေနံပိုမိုရရှိဖို့အတွက် ရုရှားနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ စွမ်းအင်ဝန်ကြီးက ရုရှားနိုင်ငံကို ယနေ့ ဇွန်လ ၂၇ ရက်နေ့မှာ သွားရောက်မယ်လို့ ဆိုပါတယ်။

ဆီအသစ်များ တင်သွင်းရာမှာ အကန့်အသတ်မရှိ နှောင့်နှေးမှုတွေရှိနေတာကြောင့် လောင်စာဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး သိရိလင်္ကာနိုင်ငံအတွင်းမှာ ယခုနှစ်အစပိုင်းက စတင်ပြီး ဒီဇယ်ဈေး လေးဆနီးပါးတက်လာပြီး ဓာတ်ဆီ ဈေးနှုန်းဟာ သုံးဆနီးပါးတက်လာခဲ့တာပါ။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာ နိုင်ငံအတွင်းမှာ အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးတွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ ပြတ်လပ်သွားပြီးနောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။