Trending Now

ပါကစ္စတန်မှာ တာလီဘန် အကျဉ်းသားတွေက ရဲဌာနတစ်ခုကို အင်အားသုံး သိမ်းပိုက်

Spread the love

ပါကစ္စတန်မှာ တာလီဘန် အကျဉ်းသားတွေက ရဲဌာနတစ်ခုကို အင်အားသုံး သိမ်းပိုက်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

ပါကစ္စတန်အနောက်မြောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး စင်တာတစ်ခုမှာ တာလီဘန် အကျဉ်းသား အများအပြားက အစောင့်တွေကို အင်အားသုံးနှိမ်နင်းခဲ့ပြီး လက်နက်တွေနဲ့ ရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲ့ဒီအဖြစ်အပျက်ဟာ ပါကစ္စတန်အနောက်မြောက်ပိုင် ဘန်းနှု အကျဉ်းထောင်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သိမ်းပိုက်မှုအတွင်း အကြမ်းဖက်မှုနှိမ်နင်းရေး ပါကစ္စတန်အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ နဲ့ စစ်တပ်တို့ဟာ အခင်းဖြစ်ပွားရာနေရာကို အထူးတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားဖို့ ကြိုးစားနေပေမယ့် မနေ့က ညပိုင်းအထိ ဓားစာခံပြဿနာတွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သိမ်းပိုက်ခံထားရတဲ့ အဆောက်အဦးထဲမှာ တာလီဘန် တိုက်ခိုက်ရေးသမား ၃၀ ထက်မနည်း ပါဝင်ပတ်သက်နေပြီး ဓားစာခံ ၁၀ ဦးအထိ ရှိနိုင်တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို ပြောင်ပြောင်တင်းတင်းလုပ်ရပ်ဟာ ဝေလံခေါင်းသီတဲ့ အာဖဂန်နစ္စတန် နယ်စပ်တစ်လျောက်ပေါ် အစိုးရရဲ့ ထိန်းချုပ်နိုင်စွမ်းကို ဖော်ပြနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ပါကစ္စတန် တာလီဘန်တွေဟာ သီးခြားတပ်ဖွဲ့ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က အမေရိန်တပ်တွေ ဆုတ်ခွားသွားပြီးနောက် အဏာသိမ်းပိုက်ခဲ့တဲ့ အာဖဂန်နစ္စတန် တာလီဘန်တွေရဲ့ မဟာမိတ်ဖြစ်ပါတယ်။

အဆောက်အဦးအတွင်းမှာရှိနေတဲ့ တာလီဘန်တွေနဲ့ တာဝန်ရှိသူတွေဟာ ဓားစာခံတွေ အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး ဒါပေမယ့် အကြမ်းဖက်သမားတွေ တောင်းဆိုတဲ့ လက်နက်ချမှုကိုတော့ အစိုးရက လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ညှိနှိုင်းမှုပြုလုပ်ဖို့ တာလီဘန်တွေရဲ့ ဆွေမျိုးတွေရဲ့ အကူအညီအများအပြားကို ရရယူခဲ့ကြပြီး ဓားစာခံ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အာဖဂန် တာလီဘန်ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးနေတယ်လို့ ပါကစ္စတန် ဘာသာရေးခေါင်းဆောင်အချို့က ပြောပါတယ်။

ဓားစာခံပြုလုပ်ခံထားရတဲ့ အထဲမှာ ပါကစ္စတန်စစ်သားတွေလဲ ပါဝင်နေပြီး ညှိနှိုင်းမှု မအောင်မြင်ပါက စစ်တပ်က အဆောက်အဦးကို ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်မှုတွေလဲ ရှိနေပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ တာလီဘန်တွေက သူတို့အတွက် ဘေးကင်းတဲ့ လမ်းကြောင်းကို စီစဉ်ပေးခြင်းမရှိပါက အရာရှိတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပါကစ္စတန် တာလီဘန်တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လပေါင်းများစွာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို တစ်ဖက်သတ်အဆုံးသတ်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ လက စတင်ကာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို အရှိန်မြင့်တိုက်ခိုက်လာခဲ့ပါတယ်။

မေလအတွင်းက အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အာဖဂန်နစ္စတန် တာလီဘန်တွေနဲ့ ပါကစ္စတန် တာလီဘန် ခေါင်းဆောင်တွေကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

— ကိုးကား —
AP
Ref; Pakistani Taliban overpower guards, seize police center

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။