Trending Now

ရူပီဘီလီယံပေါင်းများစွာကို စွန့်လွတ်ပြီး သာသနဘောင် ဝင်ရောက်သွားတဲ့ အိန္ဒိယ ကလေးငယ်

Spread the love

ရူပီဘီလီယံပေါင်းများစွာကို စွန့်လွတ်ပြီး သာသနဘောင် ဝင်ရောက်သွားတဲ့ အိန္ဒိယ ကလေးငယ်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

ဒေါ်လာသန်းပေါင်းများစွာကို အမွေဆက်ခံဖို့ ရှိနေတဲ့ အသက် ၈ နှစ်အရွယ် ဒေဗန်ရှီ ဆိုတဲ့ မိန်းကလေးငယ်ဟာ အမွေတွေ အားလုံးကို စွန့်လွတ်ပြီး သာသနဘောင်ကို ယမန်နေ့က ဝင်ရောက်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆူရတ် မြို့က စိန်ဘားရွန်းရဲ့ Sanghvi and Sons ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး စိန်ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ် ရူပီဘီလီယံပေါင်းများစွာ အမြတ်အစွန်းရရှိနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

သူမဟာ ဒီကျောက်မျက်ရတာနာ လုပ်ငန်းရဲ့ အမွေဆက်ခံသူဖြစ်ပြီး ဇိမ်ခံဘဝမှာ နေနိုင်ပေမယ့် လောကီအပျော်အပါးတွေကို စွန့်လွတ်ကာ ရိုးရှင်းတဲ့ သီလရှင်ဘဝမှာ နေထိုင်ဖို့ ရွေးချယ်ခဲ့တာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

သူမရဲ့ မိသားစုဟာ ခေတ်အိန္ဒိယ ဘာသာတရားတစ်ခုဖြစ်တဲ့ ဂျိမ်းဘာသာဝင်တွေဖြစ်ပြီး အကြမ်းမဖက်မှု၊ သတ်သတ်လွတ်စားခြင်း နဲ့ သတ္တဝါအားလုံးကို ချစ်မြတ်နိုးခြင်းအပေါ်မှာ ယုံကြည်ကြပါတယ်။

ဒေဗန်ရှီဟာ ငယ်စဉ်ကတည်းက ဘာသာတရားကိုင်ရှိုင်းတာကြောင့် ဆူရတ်မြို့က ဂျိမ်းဘာသာဝင်တွေကြားမှာ လူသိများတဲ့ ကလေးငယ်တစ်ဦးဖြစ်တယ်လို့ အမည်မဖော်လိုသူတစ်ဦးက အေအက်ဖ်ပီ ကို ပြောပါတယ်။

”ဒေဗန်ရှီးက ရုပ်မြင်သံကြားတို့ ရုပ်ရှင်ရုံတို့ မပြောနဲ့ ပုံမှန်လူတိုင်းသွားလာလေ့ရှိတဲ့ ကုန်တိုက်တို့ စားသောက်ဆိုင်တို့ တောင်မသွားခဲ့ဘူးပါဘူး သူ့ကို ဘုရားကျောင်းအခမ်းအနားတွေ နဲ့ ဘာသာရေး ပွဲတွေမှာပဲ မြင်တွေ့ရတာများပါတယ်။” လို့ အမည်မဖော်လိုသူက ပြောပါတယ်။

၁၉၈၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ သူမရဲ့ မိသားစုပိုင် လုပ်ငန်းဟာ အသာတင်တန်ဖိုး ရူပီငါးဘီလီယံ (အမေရိကန်ဒေါ်လာ ၆၁သန်း) ခန့်တန်ကြေးရှိတယ်လို့ အိန္ဒိယ ချေးငွေအဆင့်သတ်မှတ်ချက် အေဂျင်စီ ICRA က ဆိုပါတယ်။

— ကိုးကား —
AFP
Ref; Indian diamond heiress, 8, enters monkhood and loses fortune

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။