Trending Now

ထိုင်းနိုင်ငံရဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ဝယ်ယူဖို့ တောင်းဆိုချက်ကို အမေရိကန် ငြင်းဆို

Spread the love

ထိုင်းနိုင်ငံရဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ဝယ်ယူဖို့ တောင်းဆိုချက်ကို အမေရိကန် ငြင်းဆို

EPN
နိုင်ငံတကာ၊ မေ ၂၆

လေ့ကျင့်ရေး နဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကြောင့် ထိုင်းနိုင်ငံကို F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေရောင်းချမယ့် အစီအစဉ်ကို အမေရိကန်က ငြင်းဆိုလိုက်တယ်လို့ ထိုင်းလေတပ်က မေလ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်က နေတိုးမဟုတ်သော မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ထိုင်းနိုင်ငံဟာ အိုဟောင်းနေတဲ့ လေတပ်က တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ဘတ်ငွေ ၁၃.၈ ဘီလီယံ (ဒေါ်လာ ၄၀၇.၆၈ သန်း) သန်းကို ဖယ်ထားခဲ့ပြီး အမေရိကန် လုပ် F-35 နဲ့ F-16 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက Lockheed Martin (LMT.N) F-35A ဂျက်လေယာဉ် ၈ စင်းအထိ ဝယ်ယူသွားဖို့ ပြင်ဆင်ခဲ့ပေမယ့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ရောင်းချမှုဟာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ပြုပြင်ထိန်းသိမ်းမှု လိုက်လျောညီထွေးမရှိတဲ့ အခြေအနေတွေကြောင့် ရောင်းချခြင်း မပြုနိုင်ကြောင်း အမေရိကန်လေတပ် စစ်ဦးစီချုပ် မာရှယ် ပါပတ်စ် ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

F-35 ဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး တိုက်လေယာဉ်တွေထဲက တစ်ခုဖြစ်ပြီး သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ ပါဝင်တဲ့ အမေရိကန် အနီးကပ်ဆုံး မဟာမိတ်တွေကိုသာ ရောင်းချဖို့ အမေရိကန်က သတ်မှတ်ထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ဆွီဒင်နိုင်ငံထုတ် စတုတ္ထမျိုးဆက် JAS-39 Gripen တိုက်လေယာဉ် ၁၂ စင်းရှိပြီး အမေရိကန်လုပ် တိုက်လေယာဉ်တွေနဲ့ အများစုဟာ ဆယ်စုနှစ်များစွာ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။