Trending Now

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယမန်နေ့က ၆၂၇ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၄၀၀၀ ကျော်အထိ ရှိလာ

Spread the love

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယမန်နေ့က ၆၂၇ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၄၀၀၀ ကျော်အထိ ရှိလာ

 

EPN
နိုင်ငံတကာ မတ် ၂၁

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် နေ့အလိုက်သေဆုံးမှု အမြင့်ဆုံးမြင့်တက်လာခဲ့ကြောင်း အီတလီ နိုင်ငံက ကြေညာခဲ့ပြီး တိုင်းပြည်အတွင်း သေဆုံးသူစုစုပေါင်းမှာ ၄၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။

အီတလီနိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်လူနာ ၆၂၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေ ဆုံးသူ စုစုပေါင်းမှာ ၄၀၃၂ ဦးအထိ ရောက်ရှိလာခဲ့ပြီဟု ပြည်သူ့အကာအကွယ်ရေးရေးအေဂျင်စီက ပြောကြား သည်။

အီတလီနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေမှာ တရုတ်နိုင်ငံ၏ သေဆုံးသူ အရေအတွက်ကို ယမန်နေ့က ကျော်လွန်သွားခဲ့သည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်မှာ ၄၇၀၂၁ ဦးအထိ မြင့်တက်လာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အဓိကဖြစ်ပွားရာ အီတလီနိုင်ငံမြောက်ပိုင်းတွင် ကျန်းမာရေးစနစ်အပေါ် အဆိုပါဗိုင်းရပ်စ်က ဖိအားဖြစ်စေလျက်ရှိသည်။

နောက်ထပ် အချိန်မရှိတော့ကြောင်း၊ ကုတင်များ၊ ပစ္စည်းကိရိယာ များနှင့် ဝန်ထမ်းများ ပံ့ပိုးမှုမလုံလောက်တော့ကြောင်း အီတလီ သူနာပြုအဖွဲ့ချုပ်က ဗီဒီယိုထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါမဖြစ်ပွားမီက အထူးကုသကုတင် ၅၄၀၀ ရှိရာ ယခုအခါ ၈၀၀၀ အထိ ရှိ လာခဲ့ဟု ပြည်သူ့အကာအကွယ်ရေးရေးအေဂျင်စီ အကြီးအကဲ အိန်ဂျယ်လိုဘော်ရယ်လီက ပြောကြားခဲ့ပြီး အထူး ကုသကုတင်အရေအတွက် တိုးမြှင့်ရေးလုပ်ဆောင်ရန် အလေးထားပြောခဲ့သည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Italy’s coronavirus death toll tops 4,000


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။