Trending Now

လွယ်ဂျယ်မြို့မှ ပြန်လာသူများကိုအသွားအလာ သီးသန့်စောင့်ကြည့်ဆောင်ရွက်

Spread the love

လွယ်ဂျယ်မြို့မှ ပြန်လာသူများကိုအသွားအလာ သီးသန့်စောင့်ကြည့်ဆောင်ရွက်

EPN
မိုးကောင်း၊ ဧပြီ ၁

ယနေ့နံနက်ပိုင်းက လွယ်ဂျယ်မြို့မှ ပြန်လာသူများကို COVID -19 ကာကွယ်ရေးအတွက် Home Quarantine (နေအိမ်တွင်သီးသန့်စောင့်ကြည့်ခြင်း)၊ Facility Quarantine (ထောက်ပံ့မှုဖြင့် သီးသန့်စောင့်ကြည့်ခြင်း)ကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဧပြီ (၁)ရက် နံနက်(၈)နာရီခွဲအချိန်က ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့၌ ကြံခုတ်လုပ်ငန်းလုပ်ကိုင်ရာမှ ပြန်လာကြသော မိုးကောင်းမြို့သူ/သား (၇)ဦးကို ကူးစက်မြန်ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီကုသမှုများ ဆောင်ရွက်နိုင်ရေးအတွက် အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများ ဆောင်ရွက်ရာ Home Quarantine (နေအိမ်တွင်သီးသန့်စောင့်ကြည့်ခြင်း)နေထိုင်သူ (၅)ဦးနှင့် မိသားစုနှင့်မနေထိုင်လိုပဲ အ.ထ.က(၂) ကျောက်စိမ်း‌‌ေကျာင်း‌ေဆာင်တွင် မိမိသဘောဖြင့် (Facility Quarantine) နေထိုင်သူ (၂)ဦး ရှိသည်။

“ခုနေတဲ့နှစ်ဦးက သူတို့ကိုယ်တိုင် ဒီမှာနေမယ်လို့ဆန္ဒပြုထားတဲ့အတွက် မနေ့ထဲကစောင့်နေတာပါ။ လမ်းမှာ ဆေးစစ်တာနဲ့၊ လမ်းကြောအဆင်မပြေတာကြောင့် ကနေ့မနက်မှရောက်လာကြတာ”ဟု ကော်မတီဝင် ဦးကျော်လွင်စိုးမှဆိုသည်။

အဆိုပါ (၇)ဦးမှာ သတ်မှတ်နေရာများတွင် (၁၄)ရက် စောင့်ကြည့်နေထိုင်ရမည်ဖြစ်ပြီး Facility Quarantine နေထိုင်သူနှစ်ဦးကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ (၇)ဦးတွင် မြို့ဦးရပ်ကွက်မှ (၂)ဦး၊ နောင်ကိုင်တော်ရပ်မှ (၂)ဦး၊ အထက်ရှမ်းစုကျေးရွာမှ (၂)ဦး၊ ကျွန်းတောရပ်မှ (၁)ဦးဖြစ်ပြီး မိုးကောင်းမြို့တွင် မတ်လ (၂၈)ရက်နေ့က မိုးကောင်းပြည်သူ့ဆေးရုံကြီးသို့ COVID -19 စောင့်ကြည့်လူနာတစ်ဦး ရောက်ရှိလာပြီး အဆိုပါ စောင့်ကြည့် လူနာ၏အဖြေကိုသိရှိနိုင်ရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ)ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။