Trending Now

စိန့်ပီတာစဘတ်ဂျ်ဆေးရုံ အထူးကုသဆောင် မီးလောင်မှုတွင် လူနာငါးဉီး သေ

Spread the love

စိန့်ပီတာစဘတ်ဂျ်ဆေးရုံ အထူးကုသဆောင် မီးလောင်မှုတွင် လူနာငါးဉီး သေ

EPN
နိုင်ငံတကာ၊ မေ ၁၂

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဂျ်မြို့ရှိ စိန့်ဂျော့ရှ်ဆေးရုံတွင် မီးလောင်မှုကြောင့် ငါးဉီး သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာန၏ သတင်းရင်းမြစ်တစ်ခုက တက်စ်သတင်းဌာနသို့ ယနေ့ အကြောင်းကြားခဲ့သည်။
မီးလောင်ကျွမ်းမှုအတွင်း အသက်ရှူစက်များ ပေးထားရသည့် လူနာငါးဉီး သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းရင်း မြစ်က ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ဧရိယာ ၁၀ စတုရန်းမီတာအထိ ရောက်ရှိခဲ့ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနမှ တပ်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သတင်းထုတ်ပြန်ရေးဌာနက အတည်ပြုရေးသားထားသော်လည်း သေဆုံးသူအရေအတွက်ကိုမူ တိကျစွာဖော်ပြထားခြင်း မရှိပေ။ လူပေါင်း ၁၅၀ကျော်ကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း အဆိုပါသတင်းဌာနက ပြောသည်။

အသက်ရှူစက်တစ်လုံးမှ မီးလောင်ခဲ့ရခြင်းဖြစ်နိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။ စိန့်ပီတာစဘတ်မြို့ရှိ စိန်ဂျော့ဆေးရုံကြီးတွင် မတ်လကတည်းက ကိုဗစ်-၁၉ လူနာများအား ကုသရန် ပြန်လည် မွမ်းမံထားခြင်းဖြစ် သည်။

–ကိုးကား–
TASS
Ref; Five people killed in fire in intensive care unit at St. Petersburg hospital


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။