Trending Now

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလအထူးကိုယ်စာလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပြု

Spread the love

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလအထူးကိုယ်စာလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပြု

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၇

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် သြဂုတ်လ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အကျပ်အတည်းများနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိနေကြောင်း ကုလက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားရင်ဆိုင်နေရသူများအားလုံး နှင့် တွေ့ဆုံခွင်ပေးသွားမည်မဟုတ်ကြောင်း၊ အခြားတွေ့ဆုံသင့်တွေ့ဆုံထိုက်သည့် ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံပေးသွားမည်ဖြစ်သော်လည်း တွေ့ဆုံခြင်းပြုမပြုဆိုသည်မှာ နိုလင်းဟေဇာ၏ သဘောသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေ နှင့် အင်တာဗျုးတွင် ရှင်းရှင်းလင်းလင်း ပြောဆိုထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်အရ အထူးကိုယ်စာလှယ်သည် ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အခြားသက်ဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်တွင်တွေ့ဆုံသွားရန်ရှိနေကြောင်း သိရသည်။

အထူးကိုယ်စားလှယ်သည် ခရီးစဉ်အတွင်း မြန်မာပြည်တွင်း ဖြစ်ပေါ်နေသည့် အကျပ်အတည်းအခြေအနေ နှင့် ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများနှင့် ညှိနိုင်းဖြေရှင်းရေးအပြင် အခြားကိစ္စရပ်များအတွက် ၎င်းလုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းဆောင်တာများကို ဥပဒေဘာင်အတွင်းကနေ လုပ်ဆောင်သွားမည်ဟုဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကလည်း အချုပ်အခြာ အာဏာ နှင့် အမျိုးသားအကျိုးစီးပွားအား မထိခိုက်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

နိုလင်းဟေဇာသည် မြန်မာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်ကတည်းက ခန့်အပ်ခံရခြင်းဖြစ်သော်လည်း ၁၀ လနီးပါကြာရှိပြီးနောက်မှသာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။