Trending Now

ပင်မဆဲလ် အစားထိုး ကုသမှုခံယူပြီးနောက် ပထမဆုံး အမျိုးသမီး HIV ပိုး ပျောက်ကင်း

Spread the love

ပင်မဆဲလ် အစားထိုး ကုသမှုခံယူပြီးနောက် ပထမဆုံး အမျိုးသမီး HIV ပိုး ပျောက်ကင်း
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆
အေ့ဒ်စ်ရောဂါကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိသော အလှူရှင်တစ်ဦးထံမှ ပင်မဆဲလ်အစားထိုးကုသမှုကို လက်ခံရရှိပြီးနောက် အမျိုးသမီးတစ်ဦးသည် ပထမဆုံးအဖြစ် HIV ပိုးပျောက်ကင်းသွားပြီဖြစ်ကြောင်း သုတေသီများက ယမန်နေ့က ပြောဆိုလိုက်သည်။
သူမ၏ ရိုးတွင်းခြင်ဆီတွင် သွေးဖွဲ့စည်းသည့် ဆဲလ်များမှ စတင်သည့် ကင်ဆာရောဂါကို ကုသရန် ပင်မဆဲလ်အစားထိုးကုသမှုကို လက်ခံရရှိပြီးနောက် အမျိုးသမီးသည် HIV ရောဂါပိုးကို ကုသမှုများ ပြုလုပ်ရန်မလိုအပ်တော့ဘဲ ၁၄ လကြာတွင် ပျောက်ကင်းသွားခဲ့သည်။
အဆိုပါကုသမှုသည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် (UCLA) မှ ဒေါက်တာ ယီဗောဘရိုင်ဆန် ဦးဆောင်သော လေ့လာမှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဂျွန်းဟော့ကင်း တက္ကသိုလ်မှ ဒေါက်တာ ဒီဘရောပါဆဒ်နှင့် အတူ ကုသခဲ့ခြင်းဖြစ်သည်။
ကင်ဆာနှင့် အခြားပြင်းထန်သော အခြေအနေများကို ကုသရန်အတွက် ချက်ကြိုးသွေးမှ ထုတ်သော ပင်မဆဲလ်များနှင့် အစားထိုးကုသခြင်းကို HIV ကုသမှု ခံယူနေသော ၂၅ ဦးကို ထပ်မံကုသရန် ရည်ရွယ်ထားသည်။
ရိုးတွင်းခြင်ဆီ အစားထိုးခြင်းသည် HIV ပိုးရှိသူ အများစုကို ကုသရန် အလားအလာရှိသော နည်းဗျူဟာမဟုတ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သော်လည်း အစီရင်ခံစာအရ ယင်းကုသနည်းက ဖြစ်နိုင်ချေရှိပြီး အလားအလာရှိတဲ့ ဗျူဟာတစ်ခုအနေဖြင့် အတည်ပြုထားသည်။
ပင်မဆဲလ်အစားထိုးကုသမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် အလှူရှင်၏ကိုယ်ခံအားစနစ်က လက်ခံသူ၏ကိုယ်ခံအားစနစ်ကို တိုက်ခိုက်သည် ဟု ယခင်က သိပ္ပံပညာရှင်များက ယုံကြည်ခဲ့ကြသည်။
— ကိုးကား —
ရိုက်တာ
Ref; First woman reported cured of HIV after stem cell transplant

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။