Trending Now

မအူပင်မြို့နယ်တွင် အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းရှင်များထံ တာဝန်ရှိအဖွဲ့တစ်ခုမှဟုဆိုကာ ငွေကျပ် ၃ သိန်း ဖုန်းဆက်လိမ်တောင်းမှုဖြစ်ပေါ်

Spread the love

မအူပင်မြို့နယ်တွင် အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းရှင်များထံ တာဝန်ရှိအဖွဲ့တစ်ခုမှဟုဆိုကာ ငွေကျပ် ၃ သိန်း ဖုန်းဆက်လိမ်တောင်းမှုဖြစ်ပေါ်

EPN
မအူပင် ၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တွင် အွန်လိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ကိုင်သူများထံကိုအမည်မသိအဖွဲ့တစ်ခုမှတာဝန်ရှိအဖွဲ့အစည်းကဟုဆိုကာ ဖုန်းဆက်ပြီးငွေကျပ် ၃ သိန်းလိမ်လည်ခြိမ်းခြောက်ငွေတောင်းယူမှုများဖြစ်ပွားနေကြောင်းမအူပင်မြို့ရှိ အွန်လိုင်ငွေကြေး ဝန်ဆောင်မှုပေးသည့်လုပ်ငန်းရှင်များထံမှသိရသည်။

မအူပင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သည့်လုပ်ငန်းရှင် များထံကို တာဝန်ရှိအဖွဲ့အစည်းတစ်ခုမှဆိုကာ အမည်မသိအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးကဖုန်းနံပါတ် 09662952321 ဖုန်းနံပါတ်ဖြင့် ဖုန်းခေါ်ဆိုပြီးငွေကျပ် ၃ သိန်းပေးရန်နှင့် ငွေကျပ် ၃ သိန်းမပေးပါက အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို ချိပ်ပိတ်မည်ဟုခြိမ်းခြောက်ပြောဆိုငွေလိမ် လည်တောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့ဆီကိုတော့ ဖုန်းဆက်ပြီးတောင်းတာပါ၊ ငွေကျပ် ၃ သိန်းပေးပါပေါ့ မပေးရင်လုပ်ငန်းကို ချိပ်ပိတ်ရလိမ့်မယ်၊ဘယ်ကဆက်တာပါလဲ ဘယ်သူလည်း ဆိုတော့တာဝန်ရှိအဖွဲ့အစည်းတစ်ခုကတဲ့၊နာမည်မေးတော့မရဘူး ဒါနဲ့ ငွေလိမ်တောင်းတာကို သိရတာပါ၊မနေ့ မနက်ပိုင်းကဆက်တာ၊ Mytel ဖုန်းနဲ့ဆက်တောင်းတာ ဒီလိုခြိမ်း ခြောက်ငွေတောင်းခံရတာဒါကပထမဆုံးဘဲ။”ဟုမအူပင် မြို့ရှိဒေသခံအွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း ရှင်တစ်ဦးကပြောသည်။

အဆိုပါ ဖုန်းနံပါတ်ဖြင့် အမျိုးသားတစ်ဦးမှ မအူပင်မြို့ခံ အွန်လိုင်းငွေကြေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းရှင် ၉ ဦး ထံဖုန်းဆက်ငွေတောင်းခဲ့ပြီးငွေပေးရခြင်းမရှိသော်လည်း အသက်အန္တရာယ်ရန်ပြုလာမည်ကိုစိုးရိမ်နေကြကြောင်း
ဒေသခံများ၏ပြောပြချက်အရသိရသည်။

ငွေလိမ်တောင်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက”တာဝန်ရှိ အဆင့်ဆင့်ကို တင်ပြထားပါတယ်၊ ဆက်လာတဲ့ဖုန်းက လတ်တလောပိတ်ထားပါတယ်၊ အဆင့်ဆင့် အဖွဲ့အစည်းတွေကတာဝန်ယူဖော်ထုတ် ဖမ်းဆီးပါလိမ့်မယ်၊ လတ်တလောတော့ဘယ်သူဘယ်ဝါ စွပ်စွဲလို့မရသေးဘူး။”ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်စက်ဆန်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်ကလည်း ဒေသခံများထံကို အမျိုးသားတစ်ဦးမှ PDF တပ်ဖွဲ့ကဟုဆိုကာဖုန်းဆက်ပြီးငွေ ၁၀ သိန်းပေးရန်နှင့်မပေးလျင်ဗုံးလာခွဲမည်ဟုခြိမ်းခြောက် ငွေတောင်းမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။