Trending Now

ပခုက္ကူမြို့နယ် ပညာရေးမှူး အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

Spread the love

ပခုက္ကူမြို့နယ် ပညာရေးမှူး အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

EPN
ပခုက္ကူ ၊ ဧပြီ ၅

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၃ ရပ်ကွက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီး တစ်ဦး ဒီကနေ့မနက် ၇ နာရီဝန်းကျင်က လမ်းပေါ်မှာ သေနတ်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဆိုင်ကယ်အလာနဲ့ လမ်းမှာ ပစ်သတ်ခံရတာပါ ၊ ကျည်ဆံထိမှန် ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေသူက ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်တင်တင်ရီ ဖြစ်တယ်” လို့ ပခုက္ကူမြို့ခံ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ် လုံခြုံရေး အဖွဲ့ ၊ တာဝန်ရှိသူ တစ်ဦး ပြောတာက ” မြို့နယ် ပညာရေးမှူး ပစ်သတ်ခံရတဲ့ အခင်းဖြစ်နေရာမှာ ကျည်ခွံတွေ့ရတယ် ၊ အကြမ်းဖက်သမားတွေက ပစ်သတ်သွားတာပါ ” လို့ ဖြစ်ပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ ရုပ်အလောင်းကို ကောက်ယူပြီး ပခုက္ကူ ပြည်သူ့ဆေးရုံးဆီ ပို့ဆောင်ပေးကာ အမှုဖွင့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။