Trending Now

အမေရိကန်လေတပ်က B-21 ဗုံးကြဲလေယာဉ်ကို ၂၀၂၃ ခုနှစ်မှာ ပထမဦးဆုံးပျံသန်းဖို့ စီစဉ်ထား

Spread the love

အမေရိကန်လေတပ်က B-21 ဗုံးကြဲလေယာဉ်ကို ၂၀၂၃ ခုနှစ်မှာ ပထမဦးဆုံးပျံသန်းဖို့ စီစဉ်ထား

EPN

နိုင်ငံတကာ၊ မေ ၂၈

အမေရိကန်လေတပ်က B-21 ဗုံးကြဲလေယာဉ်ကို ၂၀၂၃ ခုနှစ်မှာ ပထမဦးဆုံးပျံသန်းဖို့ စီစဉ်ထားကြောင်း နော့ သရု(ပ်) ဂရူးမန်းကုမ္ပဏီက လေတပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ပြောကြားလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ အနည်းဆုံး ခြောက်လနောက်ကျပြီးမှထွက်ပေါ်လာတာဖြစ်ကြောင်း Air Force Rapid Capabilities Office ရဲ့ ညွှန်ကြားရေးမှူး ရန်ဒေါလ်ဝါဒန်က ပြောပါတယ်။

တွက်ချက်မှုအသစ်ဟာ ပရိုဂရမ်ရဲ့လက်ရှိအခြေအနေကို ထင်ဟပ်ပေါ်လွင်စေပါတယ်လို့ လေတပ်ပြောခွင့်ရ အမျိုးသမီးကို ကိုးကားပြီး လေတပ်မဂ္ဂဇင်းထဲမှာ ရေးသားဖော်ပြထားပါတယ်။ အစီအစဉ် နှောင့်နှေးကြန့်ကြာ ရတဲ့အကြောင်းကိုတော့ ၎င်းက ပြောဆိုခြင်းမရှိပါဘူး။

“B-21 ဗုံးကြဲလေယာဉ်ပျံသန်းမယ့်အစီအစဉ်ဟာ ပရိုဂရမ်အတွက် လွတ်လပ်တဲ့အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အ ပေါ်အခြေခံထားတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့အဖွဲ့က ချမှတ်ထားတဲ့ ကုန်ကျစရိတ်၊ အစီအစဉ်နဲ့ စွမ်း ဆောင်ရည်တွေအတွက် ပရိုဂရမ်အခြေခံ နည်းပညာရှာမှီးမှုဘောင်ထဲမှာပဲ ရှိပါတယ်။” လို့ ၎င်းကပြောပါတယ်။

တစ်ပြိုင်တည်းမှာ ကိ်ုယ်ပျောက်ဗုံးကြဲလေယာဉ်ဟာ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ “လုပ်ငန်းတာဝန်စံ ကိုက်ချိန်ညှိခြင်း” စမ်းသပ်ချက်ကို မေလ အစောပိုင်းက အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

“လေယာဉ်ပျံသန်းခြင်းမပြုမီ စက်ပစ္စည်းကိရိယာတွေ စံကိုက်ချိန်ညှိခြင်းကို အဓိကဦးတည်ဆောင်ရွက်တဲ့ “လုပ် ငန်းတာဝန်စံ ကိုက်ချိန်ညှိခြင်း” နဲ့ ဖွဲ့စည်းပုံပေါင်းစပ်မှု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ရာမှာ ရလဒ်ကောင်း တွေရရှိခဲ့ပြီး အရည်အသွေးမြင့်မားတဲ့ စံကိုက်ရလဒ်တွေကို ရရှိခဲ့ပါတယ်။” လို့ နော့သရု(ပ်) ကရေးသားထားပါ တယ်။

“စမ်းသပ်မှုပြုလုပ်နေစဉ်အတွင်းမှာ B-21 ဗုံးကြဲလေယာဉ်ပျံ လမ်းကြောင်းအတိုင်း ပျံသန်းမှုအသင့်ဖြစ်စေရေးအ တွက် ဆက်လက်ဆောင်ရွက်နိုင်ရေး တိကျသေချာစွာဆောင်ရွက်နိုင်ဖို့ လေယာဉ်ကိုယ်ထည်ဟာ ဖိအားအမျိုး မျိုးဒဏ်ကို ခံနိုင်ရည်ရှိကြောင်းတွေ့ရပါတယ်။” လို့ နော့သရု(ပ်) ကရေးသားထားပါတယ်။

စမ်းသပ်မှုဟာ လေယာဉ် ပထမဦးဆုံးအကြိမ် မပျံသန်းခင် ကြုံတွေ့ဖြတ်သန်းရမယ့် အဆင့်သုံးဆင့်ထဲက အ ဆင့်တစ်ဆင့်ဖြစ်တယ်လို့ဆိုပါတယ်။

လုပ်ငန်းတာဝန်စံကိုက်ချိန်ညှိမှုဆောင်ရွက်ပြီးတဲ့နောက်မှာ လေယာဉ်ဆေးမှုတ်လုပ်ငန်းတွေဆောင်ရွက်ပြီးတဲ့ နောက် လေယာဉ်ကိုယ်ထည်၊ တောင်ပံတွေ၊ အမြီးတွေ စတဲ့အပိုင်းတွေကို စမ်းသပ်သွားမှာဖြစ်ပါတယ်။

အဲဒီစမ်းသပ်မှုတွေဆောင်ရွက်ပြီးရင် လေယာဉ်အင်ဂျင်ပိုင်းကို စမ်းသပ်မှာဖြစ်သလို မြန်နှုန်းအနိမ့်/အမြင့် အပိုင်းကိုလည်း စမ်းသပ်သွားမှာဖြစ်ပါတယ်။ B-21 ဗုံးကြဲလေယာဉ်ကို ဒီနှစ်ကုန်ခါနီးမှာ ထုတ်ဖော်ပြသသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

နျူကလီးယားဗုံးသယ်ဆောင်နိုင်တဲ့ B-21 ဗုံးကြဲလေယာဉ် စုစုပေါင်း ၆ စင်းကို လက်ရှိအချိန်မှာ ထုတ်လုပ်နေ ဆဲပဲရှိသေးပြီး ၂၀၂၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းကာလလောက်မှာ သက်ဆိုင်ရာတပ်အသီးသီးကို ပို့ဆောင် သွားမယ်လို့ မျှော်လင့်ထားပါတယ်။

Ref: USAF B-21 Bomber Maiden Flight Pushed to 2023


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။