Trending Now

ဝှေခါမြေစာပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူများစွာ သေဆုံး

Spread the love

ဝှေခါမြေစာပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူများစွာ သေဆုံး

EPN
ဖားကန့်၊ ဇူလိုင် ၂

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ကျောက်စိမ်း တူးဖော်ရေး ဧရိယာအတွင်း ယနေ့ နံနက်ပိုင်း က မြေစာပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူအမြောက်အများ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ ဇူလိုင် ၂ ရက်နေ့၊ နံနက် (၈)နာရီ အချိန်ခန့်က ဝှေခါ ကျောက်စိမ်းတူးဖော်ရေး ဧရိယာအတွင်း ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် လူ (၅၀) ၏ ရုပ်အလောင်းများကို ရှာဖွေဆယ်ယူ ထားနိုင်ကြောင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဖားကန့်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ က ရှာဖွေ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောနော်
ဓါတ်ပုံ (ဖားကန့် မီးသတ်စခန်း)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။