Trending Now

မိုခါမုန်တိုင်း ပြီးဆုံးချိန်တွင် မိမိကျန်းမာရေးပိုင်းနှင့် ကိုဗစ် (၁၉) ရောဂါကို အထူးဂရုစိုက်ကြရန်လိုကြောင်း ကျန်းမာရေးဌာနမှ ပြောကြား

Spread the love

မိုခါမုန်တိုင်း ပြီးဆုံးချိန်တွင် မိမိကျန်းမာရေးပိုင်းနှင့် ကိုဗစ် (၁၉) ရောဂါကို အထူးဂရုစိုက်ကြရန်လိုကြောင်း ကျန်းမာရေးဌာနမှ ပြောကြား

EPN
မြစ်ကြီးနား၊ မေ ၁၇

မိုခါမုန်တိုင်း ပြီးဆုံးချိန်တွင် ပြည်သူများ မိမိရဲ့ကျန်းမာရေးပိုင်းနှင့် ကိုဗစ် (၁၉) ရောဂါကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနမှ အသိပေး ပြောကြားထားသည်။

ယခုအချိန်တွင် မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းဒေသ ပြည်နယ်များအတွင်း ရေကြီးခြင်း၊ နေအိမ်စည်းစိမ်ပျက်စီးခြင်းများ ရှိလာသည့်အတွက် မုန်တိုင်းပြီးဆုံးပြီးသကာလ ကျန်းမာရေးအထူးသတိပြုရန် လိုအပ်ကြောင်းနှင့် ကိုဗစ် (၁၉) ရောဂါလူနာများ ထပ်မံတိုးလာမှု မရှိစေရန် အထူးသတိပြုကြရန်လိုကြောင်း ကျန်းမာရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” အခုချိန်က ပိုသတိထားရမှာပေါ့။ မုန်တိုင်းကလည်းဖြစ်ထားတော့ ကိုဗစ်မရှိတဲ့ သူတွေတောင် ကိုဗစ်ကူးစက်နိုင်ဖို့ အရမ်းလွယ်ကူတာပေါ့။ မုန်တိုင်းဖြစ်လို့ မိမိရဲ့ ကျန်းမာရေးထက် ပျက်စီးသွားတဲ့နေအိမ် စည်းစိမ်တွေကိုပဲ အာရုံထားတာမျိုး၊ မိမိစားဝတ်နေရေးကိုပဲ ပိုဂရုစိုက်လာတဲ့အခါ ခန္ဓာကိုယ်အားအင်တွေ ကုန်ခမ်းပြီး အဖျားတွေကူးစက်လာမယ်။ နောက် ကိုဗစ်ရောဂါတွေ ထပ်ဖြစ်လာနိုင်မယ်။ ဒါကြောင့် မိမိကျန်းမာရေးကိုအထူး သတိထားကြဖို့၊ ကျန်းမာရေးဆိုင်ရာကနေ ပြောတဲ့အတိုင်းလိုက်နာကြဖို့ လိုအပ်ပါတယ် ” ဟု ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၅ ရက်ေန့ ၊ည ၈ နာရီမှ ၁၆ ရက်ေန၊့ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၃၆၀ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၆၂) ဦးကို တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁ ဒသမ ၅၆) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။