Trending Now

ဥရောပနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ဦးရေ ၁၀၀ နီးပါရှိလာတဲ့အတွက် WHO က အရေးပေါ်အစည်းအဝေးခေါ်

Spread the love

ဥရောပနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ဦးရေ ၁၀၀ နီးပါရှိလာတဲ့အတွက် WHO က အရေးပေါ်အစည်းအဝေးခေါ်

EPN

နိုင်ငံတကာ၊ မေ ၂၁

ဥရောပနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ဦးရေ ၁၀၀ နီးပါရှိလာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေလ ၂၀ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးခေါ်ဆိုခဲ့ပါတယ်။

ဂျာမနီက မျောက်ကျောက်ရောဂါဟာ ဥရောပမှာ အကြီးမားဆုံး ကူးစက်မှုလို့ ပြောဆိုလိုက်ပြီး ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်နဲ့ ဗြိတိန်တို့အပြင် အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့မှာလဲ ရောဂါဖြစ်ပွားမှုကို အစီအရင်ခံခဲ့ပါတယ်။

ဥရောပတွင် ဖြစ်ပွားမှု ၁၀၀ ကျော်ကို အတည်ပြုနိုင်ခဲ့ပြီးနောက် အနောက်အာဖရိကနဲ့ အလယ်ပိုင်းဒေသတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုအဖြစ်များနိုင်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

မျောက်ကျောက်ရောဂါဟာ နိုင်ဂျီးရီးယားနိုင်ငံကနေ အင်္ဂလန်ကို ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ မေ ၇ ရက်က ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ သေသေခြာခြာမသိရသေးဘူးလို့ ဆိုပါတယ်။

မျောက်တွေမှာသာ တွေ့ရှိရတဲ့ အဲ့ဒီမျောက်ကျောက်ရောဂါဟာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိပြီး အာဖရိကအပြင်ဘက်နိုင်ငံတွေမှာ ပျံ့နှံ့မှုနည်းပါးတာကြောင့် အခုလိုဥရောပအတွင်း ကူးစက်မှုတွေတွေ့ရှိရာတာဟာ စိုးရိမ်စရာဖြစ်လာပါတယ်။

သို့သော်လည်း ဗိုင်းရပ်စ်ဟာ SARS-COV-2 ကဲ့သို့ လွယ်ကူစွာ မပြန့်ပွားနိုင်ခြင်းမရှိတာကြောင့် COVID-19 ကဲ့သို့ ကပ်ရောဂါအဖြစ်သို့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။

မျောက်ကျောက်ရောဂါပိုးဟာ အများအားဖြင့် အပျော့စား ဗိုင်းရပ်စ်ရောဂါပိုးဖြစ်ပြီး အဖျားလက္ခဏာအပြင် ထူးခြားတဲ့ အရေပြား အဖုအထစ်တွေဖြစ်ပေါ်လေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် မျောက်ကျောက်ရောဂါပိုးကို အဆက်အသွယ်ခြေရာခံခြင်းကနေ ကောင်းကောင်းခွဲထုတ်နိုင်ပြီး လိုအပ်ရင် အသုံးပြုနိုင်တဲ့ ဆေးဝါးနဲ့ ထိရောက်တဲ့ ကာကွယ်ဆေးတွေလည်း ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

မျောက်ကျောက်ရောဂါအတွက် တိကျသော ကာကွယ်ဆေးမရှိသော်လည်း အချက်အလက်များအရ ကျောက်ရောဂါကို တိုက်ဖျက်ရာမှာ အသုံးပြုတဲ့ ကာကွယ်ဆေးတွေဟာ မျောက်ကျောက်ကို ၈၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

ပထမဆုံးမျောက်ကျောက်ရောဂါကို အာဖရိက နိုင်ငံတွေမှာ ၁၉၇၀ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နိုင်ဂျီးရီယားနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်က စတင်တွေ့ရရှိခဲ့တယ်လို့ သိရပါတယ်။

ကူးစက်မှုတွေဟာ ခရီးသွားခြင်းနဲ့ ဆက်စပ်မှုမရှိကြောင်းနဲ့ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အသိုင်းအဝိုင်းအတွင်း ကူးစက်မှု အတိုင်းအတာတစ်ခုအထိ ရှိနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။

ရောဂါဖြစ်ပွားမှုအများစုဟာ အမျိုးသားများအချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာသာ တွေ့ရှိရပြီး ရောဂါဖြစ်ပွားမှု ၂၀ ကိုအတည်ပြုထားတဲ့ ဗြိတိန်နိုင်ငံကလည်း ရောဂါဖြစ်ပွားသူတွေဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဖြစ်တယ်လို့ ကျန်းမာရေးလုံခြုံရေးအေဂျင်စီက အတည်ပြုခဲ့ပါတယ်။

Source – reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။