Trending Now

မိုးညှင်းတက္ကသိုလ်ကို KIAနှင့် PDF ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့

Spread the love

မိုးညှင်းတက္ကသိုလ်ကို KIAနှင့် PDF ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့

EPN
မိုးညှင်း၊ မတ် ၉

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်အတွင်းရှိ အဆောင်များကို ယနေ့နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှူံးမှုရှိခဲ့ကြောင်းသိရသည်။

KIA နှင့် PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ (မိုးကောင်း) အဆောင်ရှိ ထမင်းစားဆောင်နှင့် ကံကော်အဆောင်ရှိ ထမင်းစားဆောင်များ လက်လုပ်ကျဉ်ထိမှန်ခဲ့ခြင်းကြောင်း အနည်းငယ်ပျက်စီးမှုရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

” မနေ့က မနက်ပိုင်း ၃နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ လုံခြုံရေးဆောင်ရွက်နေစဉ် KIAနှင့်PKFပူးပေါင်းအဖွဲ့တို့က မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ အဆောင်နှစ်ခုကို လူအင်အား ၅၀လောက်နဲ့ လာရောက် ချောင်းမြှောင်းပစ်ခတ်ခဲ့တယ် လူနဲ့ တိရိစ္ဆာန်ထိုက်ခိုက်မှုမရှိဘူး ထမင်းစားဆောင်နှစ်ခု မှန်နဲ့ နံရံတွေ ကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ “ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်မှုနှင့်ပတ်သတ်ပြီး ယမန်နေ့ကဖြစ်ပွားခဲ့သည့် မိုးညှင်းမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အထိနာခဲ့သည့် အတွက် ပြန်လည်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း ဆိုသည်။

” ပြီးခဲ့တဲ့ရက်က နန်းမာဘက်မှာ တိုက်ပွဲဖြစ်တယ် လို့ ကြားတယ် အဲ့တိုက်ပွဲမှာ ပူးပေါင်း အဖွဲ့တွေ ကျဆုံးမှုရှိတယ်လို့ပြောတယ် အဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ဘက်က မကျေနပ်လို့ ပြန်တိုက်တာဖြစ်နိုင်တယ် နောက်ထပ်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားမှကိုစိုးရိမ်မှုတွေရှိနေတယ်”ဟု အမည်မဖော်လိုသူ မိုးညှင်းဒေသခံတစ်ဦးကပြောသည်။

ယင်းဖြစ်ပွားမှုကြောင့် ကျောင်းဝန်းအတွင်းရှိ လူနှင့်တိရိစ္ဆန်ထိုက္မှုမရှိသော်လည်း ပျက်စီးမှုအနည်းငယ်သာရှိခဲ့ပြီး မိုးညှင်း တက္ကသိုလ်‌ကျောင်းဝန်းအတွင်းက မိုးကောင်အဆောင် အနောက်ဘက်တွင် KIAနှင့် PDFပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုမရှိသည့် ၄၀ မမ ဗုံးသီးနှစ်လုံးအား သိမ်းဆည်းရမိကြောင်းသိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။