Trending Now

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူအများစုသည် စားနပ်ရိက္ခာ မလုံခြုံမှုကို ခံစားနေရ

Spread the love

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူအများစုသည် စားနပ်ရိက္ခာ မလုံခြုံမှုကို ခံစားနေရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အိမ်ထောင်စုများသည် ငွေကြေးဆိုင်ရာ ဖိစီးမှုများနှင့် ရင်ဆိုင်နေရပြီး ကုန်ပစ္စည်းများဝယ်ယူရန် မတတ်နိုင်တော့သည့်အတွက် စားနပ်ရိက္ခာ မလုံခြုံမှုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံးက စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်မြေသြဇာနှင့် အခြားလယ်ယာသွင်းအားစုများသည် ယခုအခါ ဈေးနှုန်းကြီးမြင့်နေသည့်အပြင် လောင်စာဆီဆိုင်ရာ စိန်ခေါ်မှုများနှင့် ပဋိပက္ခများကြောင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေး ပိုမိုခက်ခဲနေပြီး အခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရှိသဖြင့် နောက်လာမည့်လပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်သည့် စားနပ်ရိက္ခာအကျပ်အတည်းအတွက် စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြထားသည်။

ပြည်သူများသည် ငွေကြေးဆိုင်ရာ ဖိစီးမှုများနှင့် စားနပ်ရိက္ခာမလုံခြုံမှုကို ရင်ဆိုင်နေကြရသည့်အပြင် လက်နက်ကိုင် ပဋိပက္ခ၏ ဒဏ်ကို ဆက်လက်ခံစားနေကြရသည့်အတွက် အိုအိမ်စွန့်ခွာထွက်ပြေးနေရခြင်းများလည်း ရှိနေကြောင်း ဖော်ပြပါရှိသည်။

လက်ရှိနိုင်ငံတဝှမ်းတွင် လူပေါင်း ၁.၃ သန်းနီးပါး အိုးအိမ်မဲ့ဖြစ်နေကြပြီး ယင်းတို့အနက် လူပေါင်း ၉၇၄,၀၀၀ သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင်လည်း မြန်မာ့တပ်မတော် (MAF) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာမည်ကို ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း ဖော်ပြပါရှိသည်။

ဝလုံး
Photo – UNOCHA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။