Trending Now

ပြည် – ပုဂံ မီးရထားလမ်းဘေးက ၅၅၀ ကေဗွီ ဓာတ်အားလိုင်းတိုင်ကို အကြမ်းဖက်သမားတွေက မိုင်းခွဲဖျက်ဆီး

Spread the love

ပြည် – ပုဂံ မီးရထားလမ်းဘေးက ၅၅၀ ကေဗွီ ဓာတ်အားလိုင်းတိုင်ကို အကြမ်းဖက်သမားတွေက မိုင်းခွဲဖျက်ဆီး
EPN
ပြည် ၊ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့နယ်၊ ကြက်ခတ်ကျေးရွာအနီး၊ ပြည် – ပုဂံ မီးရထားလမ်းဘေးက ၅၅၀ ကေဗွီ ဓာတ်အားလိုင်းတိုင်ကို အကြမ်းဖက်သမားတွေက ဖေဖော်ဝါရီ ၁၈ ရက်၊ မနေ့က နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပဲခူးတိုင်း မဟာဓာတ်အားလိုင်း ဖြန့်ဖြူးရေး အသိုင်းအဝိုင်းထံက သိရပါတယ်။
“ပြည် – ပုဂံ မီးရထားလမ်းဘေးက မတ်ပဲကွင်းအတွင်းက ဓာတ်အားလိုင်းတိုင်ဖြစ်တယ်၊ အမှတ် ၁၉ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ပေါက်ခေါင်း) ကို ဖြန့်ဖြူးထားတဲ့ လိုင်းဖြစ်တယ်” လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ၅၅၀ ကေဗွီဓာတ်အားဖြန့်ဖြူးရေး တိုင် ကွန်ကရစ် ၄ တိုင်စင်အနက် ကွန်ကရစ်တိုင်၂ တိုင်ဟာ အောက်ခြေ မြေပေါ်အထက် ၂ ပေခန့်နေရာကနေ ပျက်ဆီးသွားပါတယ်။
အဲ့ဒီ အများပြည်သူပိုင် လျှပ်စစ်ဓာတ်အားလိုင် ဖြန့်ဖြူးရေးတိုင် မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်မြို့နယ် အမှတ် ၃ ရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။