Trending Now

တိုးခ်ဲ႕ေဆာက္လုပ္ေနသည့္ ျမစ္ႀကီးနားေဆးရံု အထူးၾကပ္မတ္ကုသေဆာင္ႀကီးကို ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ စတင္အသံုးျပဳႏိုင္မည္

Spread the love

 
တိုးခ်ဲ႕ေဆာက္လုပ္ေနသည့္ ျမစ္ႀကီးနားေဆးရံု အထူးၾကပ္မတ္ကုသေဆာင္ႀကီးကို ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ စတင္အသံုးျပဳႏိုင္မည္

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၆

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီး တြင္ တိုးခ်ဲ႕ေဆာက္လုပ္ေနေသာ အထူးၾကပ္မတ္ ကုသေဆာင္ႀကီး ကို လာမည့္ ၂၀၂၀ ႏွစ္္ဆန္းပိုင္းတြင္ စတင္ အသံုးျပဳႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ျမစ္ႀကီးနားျပည္သူ႕ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာဘုန္းေမာ္က ေျပာသည္။

“၂၀၂၀ ႏွစ္ဆန္းပိုင္း ဆိုရင္ လုပ္ငန္းစတင္လည္ပတ္နိုင္မယ့္ အေနအထားေတာ့ ရွိတာေပါ့
အေဆာက္အဦး အေပၚဆံုးထပ္က ခြဲစိတ္ခန္းေတြပါတယ္ ေနာက္တစ္ခုက အထူးၾကပ္မတ္ကုသေဆာင္လို႕ ေခၚတာေပါ့ ICU ခန္္းေတြပါတယ္၊ အထူးၾကပ္မတ္ကုသရမယ့္ လူနာခန္းေတြပါလည္းပါမယ္”ဟု ၎က ေျပာျပသည္။

ယင္းအျပင္ အဆိုပါအေဆာက္အဦးတြင္ ၈ကုတင္ဆံ့ အခန္း ၁၀ ခန္း ပါဝင္ေသာ ၃ထပ္ေဆာင္မ်ား၊ အေရးေပၚ လူနာခန္းမ်ား၊ ဓါတ္ေလွကား ၂စီး၊ အေရးေပၚမီးသတ္စနစ္မ်ား၊ စြန္႔ပစ္ေရဆိုးမ်ားအား ျပန္သံုးသည့္ စနစ္မ်ားႏွင့္ မသန္စြမ္းသူမ်ားအတြက္ သီးသန္႔အိမ္သာခန္းမ်ား ပါဝင္မွာ ျဖစ္ေၾကာင္း သိရသည္။

ျမစ္ႀကီးနားေဆးရံုးႀကီး၏ အထူးၾကပ္မတ္ကုသေဆာင္ကို ေဆာင္လုပ္ေရးဦးစီးဌာနက တာဝန္ယူ လုပ္ေဆာင္ေနတာျဖစ္ၿပီး လက္ရွိတြင္ ၉၀ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ျမစ္ႀကီးနား အေဆာက္အဦး ဦးစီးဌာန အေဆာက္အဦး အထူးအဖြဲ႔(၈) လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးသန္းႏိုင္ထံမွ သိရသည္။

“လက္စသတ္ဖို႔ လုပ္ငန္းေတြေလာက္ပဲ က်န္ေတာ့တယ္ သံပန္းကာတာေတြ ေဆးသုတ္တာေတြနဲ ဓါတ္ေလွကား တပ္ဆင္ျခင္းလုပ္ငန္းနည္းနည္းက်န္မယ္ ႏိုဝင္ဘာေလာက္မွာ လုပ္ငန္းအပ္ႏွံမွာျဖစ္တယ္” ဟု ၎က ရွင္းျပသည္။

အဆိုပါ အေဆာက္အဦးကို ၿပီးခဲ့သည့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွ စတင္ကာ ျပည္ေထာင္စု အစိုးရအဖြဲ႔ က်န္းမာေရး ဝန္ႀကီးဌာန ဘက္ဂ်က္ က်ပ္သန္း ၃၄၁၀ ဒႆမ ၅၇၆ သန္းျဖင့္ အကုန္အက်ခံ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ စီမံကိန္းၿပီးစီးမွာ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဦးစီးဌာနမွ သိရသည္။

သြယ္သြယ္
——————————————————–

တိုးချဲ့ဆောက်လုပ်နေသည့် မြစ်ကြီးနားဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကြီးကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်မည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး တွင် တိုးချဲ့ဆောက်လုပ်နေသော အထူးကြပ်မတ် ကုသဆောင်ကြီး ကို လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ပြောသည်။

“၂၀၂၀ နှစ်ဆန်းပိုင်း ဆိုရင် လုပ်ငန်းစတင်လည်ပတ်နိုင်မယ့် အနေအထားတော့ ရှိတာပေါ့
အဆောက်အဦး အပေါ်ဆုံးထပ်က ခွဲစိတ်ခန်းတွေပါတယ် နောက်တစ်ခုက အထူးကြပ်မတ်ကုသဆောင်လို့ ခေါ်တာပေါ့ ICU ခန်းတွေပါတယ်၊ အထူးကြပ်မတ်ကုသရမယ့် လူနာခန်းတွေပါလည်းပါမယ်”ဟု ၎င်းက ပြောပြသည်။

ယင်းအပြင် အဆိုပါအဆောက်အဦးတွင် ၈ကုတင်ဆံ့ အခန်း ၁၀ ခန်း ပါဝင်သော ၃ထပ်ဆောင်များ၊ အရေးပေါ် လူနာခန်းများ၊ ဓါတ်လှေကား ၂စီး၊ အရေးပေါ်မီးသတ်စနစ်များ၊ စွန့်ပစ်ရေဆိုးများအား ပြန်သုံးသည့် စနစ်များနှင့် မသန်စွမ်းသူများအတွက် သီးသန့်အိမ်သာခန်းများ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားဆေးရုံးကြီး၏ အထူးကြပ်မတ်ကုသဆောင်ကို ဆောင်လုပ်ရေးဦးစီးဌာနက တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြစ်ကြီးနား အဆောက်အဦး ဦးစီးဌာန အဆောက်အဦး အထူးအဖွဲ့(၈) လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ထံမှ သိရသည်။

“လက်စသတ်ဖို့ လုပ်ငန်းတွေလောက်ပဲ ကျန်တော့တယ် သံပန်းကာတာတွေ ဆေးသုတ်တာတွေနဲ ဓါတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းနည်းနည်းကျန်မယ် နိုဝင်ဘာလောက်မှာ လုပ်ငန်းအပ်နှံမှာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အဆောက်အဦးကို ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ ပြည်ထောင်စု အစိုးရအဖွဲ့ ကျန်းမာရေး ဝန်ကြီးဌာန ဘက်ဂျက် ကျပ်သန်း ၃၄၁၀ ဒဿမ ၅၇၆ သန်းဖြင့် အကုန်အကျခံ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စီမံကိန်းပြီးစီးမှာ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဦးစီးဌာနမှ သိရသည်။

သွယ်သွယ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။