Trending Now

လုပ်ငန်းသုံးကျောက်မိုင်း ဖောက်ခွဲရာ လူတစ်ဦး ကျောက်ခဲ ထိမှန်သေဆုံး

Spread the love

လုပ်ငန်းသုံးကျောက်မိုင်း ဖောက်ခွဲရာ လူတစ်ဦး ကျောက်ခဲ ထိမှန်သေဆုံး

EPN
ဖားကန့်၊ ဇွန် ၂၉

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် ကောင်ဆန်ကျေးရွာ ဧရိယာအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တစ်ခုမှ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့၊ ညနေပိုင်းက လုပ်ငန်းသုံး ကျောက်မိုင်း ဖောက်ခွဲရာ လူတစ်ဦး ကျောက်ခဲထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ခိုင်မင်းထွန်း၊ (၃၁)နှစ်၊ (ဘ) ဦးမြင့်အောင်၊ (ဇာတိ ယင်းမာပင်မြို့နယ်) နေထိုင်သူ ဖြစ်ကြောင်းနှင့် ကျောက်မိုင်းဖောက်ခွဲစဉ် ၎င်းရပ်နေသည့် နေရာမှ ပေ ၂၀ အကွာ အမြင့်ပေ (၁၅၀)ခန့်မြင့်သော ကမ်းပါးယံ မြေများ တုန်ခါပြီး လွှင့်ကျလာသော ကျောက်တုံးကျောက်ခဲ များ ထိမှန်၍ ဒဏ်ရာများရရှိကာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ဖားကန့်မြို့မရဲစခန်းမှ ဒုရဲမှူး ဦးခင်မောင်ဇင် နှင့် နယ်ထိန်းခေါင်ဆောင် ရဲအုပ် အာကာမင်းမင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ကောင်ဆန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ကောင်ဆန်ကျေးရွာ အလင်းရောင် လူမှုရေး အသင်းယာဉ်ဖြင့် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။