Trending Now

ဇမ်ဘီယာ ပြန်ကြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

ဇမ်ဘီယာ ပြန်ကြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၂၅

သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်ဟု ဇမ်ဘီယာ ပြန်ကြားရေးဝန်ကြီး ဒိုရာဆီလီယာက မေလ ၂၃ ရက်တွင် တွစ်တာ၌ တင်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုအတွင်း ပြောကြားခဲ့သည်။

“ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့ပေမယ့် ကျွန်မမှာ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ပါ တယ်” ဟု ဇမ်ဘီယာနိုင်ငံ၏ အန္တရာယ်ကြီးမားသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် တက်တက်ကြွကြွ ပါ ဝင်နေသည့် ၄င်းက ပြောကြားခဲ့သည်။

သူ့တွင် ရောဂါလက္ခဏာမပြသလို ဖျားနာခြင်းလည်းမရှိကြောင်း၊ လက်ရှိတွင် သီးသန့်ခွဲနေထိုင်ကြောင်း ဆီလီယာက ပြောသည်။

“ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက်ပိုင်း ကျွန်မ ကျန်းမာရေးဝန်ကြီးဌာနကို နှိုးဆော်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ထိတွေ့ခဲ့သူအားလုံးစာရင်း ပေးခဲ့ပါတယ်။” ဟု သူက ဆိုသည်။

သူနှင့် ထိတွေ့ခဲ့သူများအနေဖြင့် မစိုးရိမ်ကြရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၄င်းက တိုက်တွန်းခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အာဖရိကတိုက်ဆိုင်ရာ အကြီးအကဲ မတ်ရှီဒီဆိုမိုအီ တီက ကိုဗစ်-၁၉ ရောဂါ အန္တရာယ်များ၊ ကြိုတင်တားဆီးရေး အစီအမံများနှင့်ပတ်သက်၍ ပွင့်လင်းမှု၊ အရေးပါ သော သတင်းအချက်အလက်များ မျှဝေမှုအတွက် ဆီလီယာကို ချီးကျူးခဲ့သည်။

“ဒီလို ပွင့်လင်းမှုရှိတာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာမှာ အရေးကြီးပါတယ်။ အမြန်ဆုံး ပြန်လည်သက် သာပါစေလို့ ဆန္ဒပြုပါတယ်” ဟု မေလ ၂၄ ရက်တွင် မိုအီတီက တွစ်တာ၌ ရေးသားခဲ့သည်။

ဇမ်ဘီယာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၉၂၀ဦး၊ သေဆုံးသူ ခုနှစ်ဦးနှင့် ရောဂါသက် သာသူ ၃၃၆ ဦးရှိကြောင်း သိရသည်။

–ကိုးကား–
အနာဒိုလူ
Ref; Zambia’s information minister contracts COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။