Trending Now

အင်းတော်ကြီးသွားလမ်း ကိုးမိုင်တောင်ခြေတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

Spread the love

အင်းတော်ကြီးသွားလမ်း ကိုးမိုင်တောင်ခြေတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

EPN
ဟိုပင်၊ မေ ၈

ဟိုပင်မြို့ အနောက်ဘက် (၉)မိုင်ခန့် အကွာ နန့်မွန်း – ဟိုပင်သွား ကားလမ်းတွင် မေလ ၇ ရက်၊ ည ၉ နာရီ ခွဲခန့်က နန့်မွန်းမြို့ဘက်မှ ဟိုပင်မြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှာ ဘိန်းဖြူ ဆပ်ပြာခွက်များ ဖမ်းဆီးရမိကြောင်း ဟိုပင်နယ်မြေရဲစခန်းထံမှ သိရသည်။

မူးယစ်တပ်စု (၃) မိုးညှင်းမှ ရဲအုပ်၀င်းကျော်ကျော် ဦးစီး၍ ရဲအုပ်နေလင်းထွန်းနှင့် တပ်ဖွဲ့၀င်များသည် သက်သေများနှင့် အတူ အဆိုပါနေရာတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် နန့်မွန်းမြို့ဘက်မှ ဟိုပင်မြို့သို့ ကျော်မင်းဦး မောင်းနှင်ပြီး ဇော်မင်းသိန်း (ခ) သားငယ်လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားပြီး တိတ်အဝါများ ကပ်ထားသော အထုတ်အတွင်းမှ ဘိန်းဖြူ ဟု ယူဆရသည့် ဖြူဝါကြား အမှုန့် (၁၀)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် (၁၁)ခွက် အတွင်း အလေးချိန် (၁၁၀)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မူးယစ်ဆေးဝါး လက်၀ယ်တွေ့ရှိသူ ကျော်မင်းဦး၊ အသက်(၃၇)နှစ်၊ (ဘ)ဦးတင်မောင်၊ နန့့်ရင်းကျေးရွာ၊ ဟိုပင်မြို့နေသူနှင့် ဇော်မင်းသိန်း(ခ)သားငယ်၊ (၃၇)နှစ်၊ (ဘ)ဦးပြူး၊ နန့်ရင်းကျေးရွာ၊ ဟိုပင်မြို့နေသူတို့ နှစ်ဦးကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၃၉/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က) /၁၉(က)၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။