Trending Now

စပိန်နိုင်ငံရှိ နစ်ဆန်းကားစက်ရုံ ပိတ်သိမ်းမည့်အစီအစဉ်ကြောင့် အလုပ်သမားများ ဆန္ဒဖော်ထုတ်

Spread the love

စပိန်နိုင်ငံရှိ နစ်ဆန်းကားစက်ရုံ ပိတ်သိမ်းမည့်အစီအစဉ်ကြောင့် အလုပ်သမားများ ဆန္ဒဖော်ထုတ်

EPN
နိုင်ငံတကာ၊ မေ ၂၉

နစ်ဆန်းမော်တော်ကားကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ ပြန်လည်တည်ဆောက်မှု၏ တစ်စိတ်တစ်ဒေသအ ဖြစ် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရှိစက်ရုံကို ပိတ်သိမ်းမည်ဟု ကြေညာပြီးနောက် စက်ရုံလုပ်သားများက ဆန္ဒပြခဲ့ကြ သည်။

နစ်ဆန်းကုမ္ပဏီသည် ယမန်နေ့က လေးနှစ်ကြာ ပြန်လည်တည်ဆောက်ရေး စီမံချက်ကို ကြေညာခဲ့ပြီး ဘာစီလိုနာမြို့ရှိ ကားစက်ရုံကို ပိတ်သိမ်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းမှုများ စတင်မည်ဟု ပြောကြားသည်။

အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် အလုပ်သမား ၁၀၀၀ နီးပါးက စက်ရုံရှေ့၌ စုရုံးခဲ့ပြီး အလုပ်သမား အချို့က ကားတာယာများကို မီးရှို့ကာ လမ်းမကြီးများကို ပိတ်ဆို့ခဲ့သည်။

စက်ရုံပိတ်သိမ်းမှုက စက်ရုံအလုပ်သမားနှင့် အနီးအနားရှိ လူ ၃၀၀၀ ခန့်အပြင် လူပေါင်း ၂၀၀၀၀ ကျော် ၏ အလုပ်အကိုင်များကို သွယ်ဝှိုက်သောနည်းဖြင့် ထိခိုက်စေမည်ဟု အလုပ်သမားသမဂ္ဂက ပြောသည်။
နစ်ဆန်းကုမ္ပဏီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဝမ်းနည်းမိကြောင်း စပိန် နိုင်ငံခြားရေးဝန်ကြီး အာရန် ချာဂွန်ဇာလက်ဇ်က ပြောကြားခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရန် အစိုးရ အစွမ်းကုန် လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

စက်ရုံပိတ်သိမ်းမှု၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် ကာတာလိုနီးယားဒေသကြီး၊ ဘာစီလိုနာမြို့ တော်၊ အလုပ်သမားသမဂ္ဂတို့နှင့် လက်တွဲဆောင်ရွက်နေကြောင်း စပိန် စက်မှုဝန်ကြီးဌာနက ပြောသည်။

–ကိုး ကား–
အင်န်အိတ်ချ်ကေ
Ref; Nissan’s Spanish plant closure triggers protest


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။