Trending Now

ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာ အနီး ရွှေတူးဖော်မှုများ မပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်စာထုတ်ပြန်

Spread the love

ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာ အနီး ရွှေတူးဖော်မှုများ မပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်စာထုတ်ပြန်

EPN
ပူတာအို၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာအနီးတွင် ရွှေတူးဖော်ခြင်းပြုလုပ်နေမှုအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဇွန်လ (၁၂) ရက်နေ့က ဆက်လက်မလုပ်ဆောင်ရန် တားမြစ်စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နှင့် ဖတ်မာကျေးရွာသည် မိုင်အားဖြင့် (၂၀) နီးပါး ဝေးကွာသည့် ဒေသတစ်ခုဖြစ်ပြီး၊ ယင်းကျေးရွာ၊ ဒေသသည် အစိုးရ ဝန်ထမ်းများ၏ လုံခြုံရေးကန့်သတ်နယ်မြေ ဖြစ်သည့်အတွက် သွားရောက်တားမြစ် ဖမ်းဆီးရန် အခက်အခဲရှိသည့်အတွက် ရပ်ကျေး တာဝန်ခံများထံသို့ ရွှေတူးဖော်မှုများ အမြန်ဆုံး ရပ်တန့်ရန် အသိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အဲ့နေရာတွေက ကျွန်တော်တို့ ရဲ ဝန်ထမ်းတွေအတွက် လုံခြုံရေး ကန့်သတ်နယ်မြေ ဖြစ်နေလို့ သွားဖို့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဖတ်မာအုပ်ချုပ်ရေးမှူးကို တားမြစ်ဆောင်ရွက်ဖို့ တာဝန်ပေးလိုက်တယ်။ ၁၂ရက်နေ့ကပေါ့။ အခုတော့ ရွှေတူးဖော်တာ တွေ ရပ်တန့်သွားပြီ။ ရွှေတူးဖော်ရေးလုပ်တဲ့ အဖွဲ့လည်း မရှိတော့ဘူး ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ဖတ်မာ ကျေးရွာနေ ဒေသခံ လူငယ်များနှင့် ရပ်မိရပ်ဖများက ဖတ်မာချောင်းအထက်တွင် ရွှေတူးဖော်မှု ပြုလုပ်နေသည့် လုပ်ငန်းရှင်းများကို သွားရောက် တားမြစ်မှုများပြုခဲ့ခြင်းကြောင့် ရွှေတူးဖော်ရေး လုပ်ငန်းရှင်များ ရပ်နားသွားကြောင်း ဖတ်မာဒေသခံတစ်ဦးက ပြောသည်။

” ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်း လုပ်ထားလည်းတော့ ကျွန်တော်တို့ အတိအကျ မသိရဘူး။ ကျွန်တော်တို့ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ဖတ်မာချောင်းမှာ ရွှေတူးလို့ ချောင်းရေတွေလည်း အကုန်ပျက်စီးကုန်ပြီ။ ကြာရင် မလွယ်ဘူး။ ခြံမြေကုန်းမြေတွေ အကုန်ပါတော့မှာသိလို့ လူငယ်တွေ အကုန်စုပြီး အမြန်ဆုံး တားမြစ်ပေးလိုက်တာ။ အခုတော့ သူတို့ဘက်က မလုပ်တော့ဘူးလို့ ပြောတယ် ” ဟု ၎င်းက ပြောဆိုသည်။

ပူတာအိုခရိုင်အတွင်း၌ သယံဇာတ တူးဖော်ရေး လုပ်ငန်းရှင်များသည် ‌လုံခြုံရေး ကန့်သတ်နယ်မြေတို့တွင် ဒေသ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကျိုးတူ ရွှေတူး‌ေဖာ်မှုများ ပြုလုပ်ခြင်း၊ ရွှေမှော်အတွင်း မူးယစ်ဆေးဝါး ပေါ်တင်ရောင်းဝယ် သုံးစွဲမှုမျိုးကို ပြီးခဲ့သည့် နှစ်ပိုင်းကစ၍ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်မှုများကြောင့် ဒေသခံများ၏ ခြံမြေများ၊ ရိုးရာယဉ်ကျေးမှု၊ ဉယျာဉ်‌ေမြများ ပျက်စီးခြင်းတို့နှင့် လူငယ်လူရွယ် အများအပြား မူးယစ်ဆေး သုံးစွဲမှုကြောင့် အသက်သေဆုံးသူများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း
Photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။