Trending Now

ဗန်းမော်မြို့နယ်တွင် လမ်းလျောက်လာသူအမျိုးသားတစ်ဦးထံမှ သိန်း ၁၅၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့နယ်တွင် လမ်းလျောက်လာသူအမျိုးသားတစ်ဦးထံမှ သိန်း ၁၅၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လမ်းလျောက်လာသူ အမျိုးသားတစ်ဦးထံမှ ကာလတန်ဖိုး ၁၅၃ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၅၃ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လမ်းလျှောက်လာသူ ဖြိုးဟိန်း ဆိုသူအား စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၅၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၃.၀၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြိုးဟိန်း(၂၃)နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

ကေကေ

 

photo – ccdac


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။