Trending Now

အာဆီယံအထူးကိုယ်စာလှယ်နှင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Spread the love

အာဆီယံအထူးကိုယ်စာလှယ်နှင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁

အာဆီယံအလည့်ကျ ဥက္ကဌ၏ အထူးကိုယ်စာလှယ် ပါ့ခ်ဆွန်ခွန် နှင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာကစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပတ်သက်၍ အာဆီယံ၏မူဝါဒတွင် “တစ်ဦးတစ်ယောက်မှ မကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက် အရေးကြီးတာဘာမျှမရှိ” ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပါ့ခ်ဆွန်ခွန် ကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ၊ NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ယင်းတို့၏ ဆိုးရွားစွာဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မိုင်းထောင်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ ကြောင့် ပြည်သူပိုင်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများပျက်စီးခဲ့ရမှုများလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် န.စ.က အနေဖြင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိမှုများလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။